16. ငါသည်ဤဗိမာန်တော်ကိုရွေးချယ်၍ငါ့အား ထာဝစဉ်ဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့်သီးသန့်စေပြီ။ ငါသည်ဤဌာနတော် ကိုစောင့်ကြပ်ကြည့်ရှုမည်။ ကာလအစဉ် အဆက်ကာကွယ်စောင့်ရှောက်မည်။-
17. သင်သည်သင်၏ခမည်းတော်ဒါဝိဒ်ကဲ့သို့ငါ ၏တရားတော်ကိုစောင့်ထိန်း၍ငါပညတ်သမျှ အတိုင်းပြုကျင့်ကာငါ့အားကိုးကွယ်လျှင်၊-
18. သင်၏ခမည်းတော်ဒါဝိဒ်အား`ဣသရေလပြည် တွင်အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်ရလိမ့်မည်မဟုတ်' ဟု ငါပေးခဲ့သည့် ကတိကိုတည်စေမည်။-
19. သို့ရာတွင်အကယ်၍သင်နှင့်သင်၏ပြည်သူ တို့သည်ငါ၏ပညတ်တော်များနှင့်အမိန့် တော်တို့ကိုချိုးဖောက်၍အခြားဘုရား များကိုကိုးကွယ်ကြလျှင်မူကား၊-
20. ငါပေးသနားသည့်ပြည်မှသင်တို့ကိုဖယ်ရှား မည်။ ငါ့အားဝတ်ပြုကိုးကွယ်ရာဌာနအဖြစ် ဖြင့် ငါသီးသန့်ထားသည့်ဤဗိမာန်တော်ကို လည်းစွန့်ခွာမည်ဖြစ်၍ အရပ်တကာရှိလူ တို့တွင်အထင်အမြင်သေးခြင်းနှင့်ပြောင် လှောင်ခြင်းဖြစ်စေမည်။