၂ ရာ​ချုပ် 6:15-18 Common Language Bible (BCL)

15. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ် အား ပေး​ခဲ့​သည့်​က​တိ​တော်​ကို​တည်​စေ​တော် မူ​ပါ​ပြီ။ ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သ​မျှ အ​တိုင်း​ယ​နေ့​အ​ကောင်​အ​ထည်​ပေါ်​ပါ​ပြီ။-

16. အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား`သင်​၏​သား​မြေး​တို့ သည်​သင်​နည်း​တူ​ပ​ညတ်​တော်​ကို​ဂရု​ပြု​၍ လိုက်​လျှောက်​ကြ​လျှင် ဣ​သ​ရေ​လ​ပြည်​တွင် အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏​အ​မျိုး​မင်း​ရိုး ပြတ်​မည်​မ​ဟုတ်' ဟု​ပေး​တော်​မူ​ခဲ့​သည့် က​တိ​တော်​ကို​လည်း​တည်​စေ​တော်​မူ ပါ။-

17. အို ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် ၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား​က​တိ​ထား​တော်​မူ သ​မျှ​တို့​ကို​ယ​ခု​ဖြစ်​ပွား​စေ​တော်​မူ​ပါ။''

18. ``သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​လူ​တို့​နှင့် အ​တူ​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် အ​ကယ်​ပင်​စံ နေ​တော်​မူ​နိုင်​ပါ​သ​လော။ ကောင်း​ကင်​ဘ​ဝဂ် ပင်​လျှင်​ကိုယ်​တော်​စံ​နေ​တော်​မူ​နိုင်​အောင် မ​ကျယ်​ဝန်း​ပါ​လျှင်​အ​ကျွန်ုပ်​တည်​ဆောက် သည့်​ဗိ​မာန်​တော်​ကား​စံ​နေ​တော်​မူ​နိုင်​ရန် ကျယ်​ဝန်း​မည်​မ​ဟုတ်​ပါ။-

၂ ရာ​ချုပ် 6