2. မင်းကြီးသည်ယဇ်ပုရောဟိတ်တို့အားဗိမာန် တော်တွင်ထမ်းဆောင်ရမည့်တာဝန်ဝတ္တရား များကိုသတ်မှတ်ပေးပြီးလျှင် ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ကြရန်အားပေး တိုက်တွန်းတော်မူ၏။-
3. ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-
4. ဒါဝိဒ်မင်းနှင့်သားတော်ရှောလမုန်မင်းပေး အပ်တော်မူခဲ့သည့်တာဝန်ဝတ္တရားများအရ သားချင်းစုအလိုက်ဗိမာန်တော်တွင်နေရာ ယူရကြမည်။-
5. ယင်းသို့ပြုရာတွင်ဣသရေလအမျိုးသား အိမ်ထောင်စုတိုင်းကို သင်တို့အနက်အချို့တို့ သည်ကူညီမစနိုင်စေရန်စီစဉ်ဆောင်ရွက် ကြလော့။-