13. လေဝိအနွယ်ဝင်အချို့တို့သည်ဆောက်လုပ် ရေးပစ္စည်းများသယ်ယူပို့ဆောင်မှုကိုလည်း ကောင်း၊ အချို့တို့ကလုပ်ငန်းခွင်အသီးသီး ရှိအလုပ်သမားတို့အားကြီးကြပ်အုပ် ချုပ်မှုကိုလည်းကောင်း၊ အချို့မှာစာရင်း ထိန်းများသို့မဟုတ်တံခါးစောင့်များအဖြစ် ဖြင့်လည်းကောင်းအမှုထမ်းရကြလေသည်။
14. ပစ္စည်းသိုလှောင်ခန်းမှငွေကိုထုတ်ယူနေစဉ် ဟိလခိသည်မောရှေအား ဘုရားသခင်ပေး အပ်တော်မူခဲ့သည့်ပညတ်တရားတည်းဟူ သော ထာဝရဘုရား၏ပညတ်ကျမ်းကို တွေ့ရှိရ၏။-
15. သို့ဖြစ်၍ယင်းသို့တွေ့ရှိသည့်အကြောင်းကို ရှာဖန်အား ပြောပြပြီးလျှင်ထိုကျမ်းကိုပေး အပ်လိုက်၏။-
16. ရှာဖန်သည်လည်းမင်းကြီးထံသို့ယူသွား ကာ``အကျွန်ုပ်တို့သည်အရှင်စေခိုင်းသမျှ သောအမှုတို့ကိုဆောင်ရွက်ပြီးပါပြီ။-
17. ဗိမာန်တော်တွင်ထားရှိသည့်ငွေကိုလည်းယူ၍ အလုပ်သမားများနှင့်သူတို့အားကြီးကြပ် အုပ်ချုပ်သူတို့၏လက်သို့ ပေးအပ်လိုက်ပါ ပြီ'' ဟုအစီရင်ခံပြီးနောက်၊-
18. ``ဤကျမ်းကိုအကျွှန်ုပ်အားပရောဟိတ်မင်း ဟိလခိကပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်ကျမ်းကိုကျယ်စွာဖတ်ပြလေ၏။
19. ယင်းသို့ဖတ်ပြသည်ကိုမင်းကြီးကြားသော အခါ မိမိ၏အဝတ်များကိုဆုတ်လေသည်။-
20. သူသည်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ ၏သားအာဗဒုန်၊ စာရေးတော်ရှာဖန်နှင့်သက်တော်စောင့် အာသာယတို့ကိုခေါ်၍၊-