၂ ရာ​ချုပ် 33:15-19 Common Language Bible (BCL)

15. သူ​သည်​လူ​မျိုး​ခြား​တို့​၏​ဘု​ရား​များ​နှင့်​မိ​မိ ထား​ရှိ​ခဲ့​သည့်​ရုပ်​တု​ကို​ဗိ​မာန်​တော်​ထဲ​မှ လည်း​ကောင်း၊ ရုပ်​တု​ပူ​ဇော်​ရာ​ယဇ်​ပလ္လင်​များ ကို​ဗိ​မာန်​တော်​တည်​ရာ​တောင်​ကုန်း​နှင့်​ယေ​ရု ရှ​လင်​မြို့​ရှိ​အ​ခြား​အ​ရပ်​များ​မှ​လည်း ကောင်း​ဖယ်​ရှား​တော်​မူ​၏။ မင်း​ကြီး​သည် ထို​အ​ရာ​အ​ပေါင်း​ကို​မြို့​ပြင်​သို့​ထုတ်​ပစ် ပြီး​လျှင်၊-

16. ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ယဇ် ပလ္လင်​ကို​ပြန်​လည်​ပြင်​ဆင်​ပြီး​နောက်​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​များ ကို​ပူ​ဇော်​တော်​မူ​၏။ ယု​ဒ​ပြည်​သူ​အ​ပေါင်း သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​ရန် အ​မိန့်​ပေး​တော်​မူ​၏။-

17. ပြည်​သူ​တို့​သည်​အ​ခြား​ဝတ်​ပြု​ကိုး​ကွယ်​ရာ ဌာ​န​များ​၌​လည်း​ဆက်​လက်​၍ ယဇ်​များ​ကို ပူ​ဇော်​ကြ​သော်​လည်း​ထာ​ဝရ​ဘု​ရား​ကို​သာ ပူ​ဇော်​ကြ​ခြင်း​ဖြစ်​၏။

18. မ​နာ​ရှေ​ဆောင်​ရွက်​ခဲ့​သော​အ​ခြား​အ​မှု အ​ရာ​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​သည့်​ဆု​တောင်း​ပတ္ထ နာ​နှင့် ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ​တော်​အား​ဖြင့် ပ​ရော​ဖက်​တို့​သူ့​အား​ပြန်​ကြား​သော​ဗျာ ဒိတ်​စ​ကား​များ​ကို​လည်း​ကောင်း​ဣသ​ရေ​လ ရာ​ဇ​ဝင်​တွင်​ရေး​ထား​၏။-

19. မင်း​ကြီး​၏​ဆု​တောင်း​ပတ္ထနာ​နှင့်​ထာ​ဝရ​ဘု​ရား နား​ညောင်း​တော်​မူ​ပုံ၊ သူ​ကူး​လွန်​သည့်​အ​ပြစ် ဒု​စ​ရိုက်​များ​နှင့်​မ​ကောင်း​မှု​များ၊ သူ​တည် ဆောက်​ခဲ့​သည့်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ နှင့်​တည်​လုပ်​ခဲ့​သည့် အာ​ရှ​ရ​ဘု​ရား​မ​၏ တံ​ခွန်​တိုင်​များ​နှင့်​သူ​ဝတ်​ပြု​ကိုး​ကွယ်​သည့် ရုပ်​တု​များ​အ​ကြောင်း​ကို ပ​ရော​ဖက်​များ ၏​အတ္ထု​ပ္ပတ္တိ​တွင်​အ​ကုန်​အ​စင်​မှတ်​တမ်း တင်​ထား​သ​တည်း။-

၂ ရာ​ချုပ် 33