15. သူသည်လူမျိုးခြားတို့၏ဘုရားများနှင့်မိမိ ထားရှိခဲ့သည့်ရုပ်တုကိုဗိမာန်တော်ထဲမှ လည်းကောင်း၊ ရုပ်တုပူဇော်ရာယဇ်ပလ္လင်များ ကိုဗိမာန်တော်တည်ရာတောင်ကုန်းနှင့်ယေရု ရှလင်မြို့ရှိအခြားအရပ်များမှလည်း ကောင်းဖယ်ရှားတော်မူ၏။ မင်းကြီးသည် ထိုအရာအပေါင်းကိုမြို့ပြင်သို့ထုတ်ပစ် ပြီးလျှင်၊-
16. ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရန်ယဇ် ပလ္လင်ကိုပြန်လည်ပြင်ဆင်ပြီးနောက်မိတ်သဟာ ယယဇ်နှင့်ကျေးဇူးတော်ချီးမွမ်းရာယဇ်များ ကိုပူဇော်တော်မူ၏။ ယုဒပြည်သူအပေါင်း သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရန် အမိန့်ပေးတော်မူ၏။-
17. ပြည်သူတို့သည်အခြားဝတ်ပြုကိုးကွယ်ရာ ဌာနများ၌လည်းဆက်လက်၍ ယဇ်များကို ပူဇော်ကြသော်လည်းထာဝရဘုရားကိုသာ ပူဇော်ကြခြင်းဖြစ်၏။