၂ ရာ​ချုပ် 32:13-15 Common Language Bible (BCL)

13. ငါ​နှင့်​ငါ​၏​ဘိုး​ဘေး​များ​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​မှ​လူ​တို့​အား​အ​ဘယ်​သို့​ပြု ခဲ့​သည့်​ကို​သင်​တို့​မ​သိ​ကြ​ပါ​သ​လော။ အ​ခြား​အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​များ သည်​မိ​မိ​တို့​လူ​များ​အား​အာ​ရှု​ရိ​ဧ​က​ရာဇ် ၏​လက်​မှ​ကယ်​ခဲ့​ကြ​ပါ​သ​နည်း။-

14. ထို​နိုင်​ငံ​များ​ရှိ​အ​ဘယ်​မည်​သော​ဘု​ရား​သည် မိ​မိ​၏​လူ​တို့​အား​ငါ​၏​လက်​မှ​ကယ်​ခဲ့​ဖူး ပါ​သ​နည်း။ သို့​ဖြစ်​ပါ​လျက်​သင်​တို့​၏​ဘု​ရား သည်​သင်​တို့​ကို​ကယ်​တော်​မူ​နိုင်​သည်​ဟု အ​ဘယ်​ကြောင့်​သင်​တို့​ထင်​မှတ်​ကြ​ပါ သ​နည်း။-

15. ယ​ခု​သင်​တို့​အား​ဟေ​ဇ​ကိ​မ​လှည့်​စား​မ​ဖြား ယောင်း​စေ​နှင့်။ သူ​၏​စ​ကား​ကို​သင်​တို့​မ​ယုံ ကြ​စေ​နှင့်။ အ​ဘယ်​တိုင်း​နိုင်​ငံ​၏​ဘု​ရား​မျှ မိ​မိ​၏​လူ​တို့​အား​အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက် မှ​ကယ်​နိုင်​ခဲ့​ဘူး​သည်​မ​ရှိ။ သို့​ဖြစ်​၍​သင်​တို့ ၏​ဘု​ရား​သည်​လည်း​အ​မှန်​ပင်​သင်​တို့​အား မ​ကယ်​နိုင်'' ဟု​ပြော​ကြား​စေ​လေ​သည်။

၂ ရာ​ချုပ် 32