၂ ရာ​ချုပ် 23:13-15 Common Language Bible (BCL)

13. တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။

14. ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။-

15. သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။

၂ ရာ​ချုပ် 23