၂ ရာ​ချုပ် 2:6-12 Common Language Bible (BCL)

6. သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-

7. ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-

10. ကျွန်ုပ်​သည်​အ​ဆွေ​တော်​၏​အလုပ်​သ​မား များ​အ​တွက်​ရိက္ခာ​အ​ဖြစ်​ဖြင့်​ဂျုံ​တင်း​တစ် သိန်း၊ မု​ယော​ဆန်​တင်း​တစ်​သိန်း၊ စ​ပျစ်​ရည် ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​နှင့်​သံ​လွင်​ဆီ ဂါ​လံ​တစ်​သိန်း​တစ်​သောင်း​ကို​ပေး​ပို့​ပါ မည်'' ဟု​မှာ​ကြား​တော်​မူ​လိုက်​၏။

11. တု​ရု​ဘု​ရင်​ဟိ​ရံ​သည်​ရှော​လ​မုန်​ထံ​သို့ အ​မှာ​တော်​စာ​ပြန်​ကြား​ပေး​ပို့​တော်​မူ​၏။ ထို​အ​မှာ​စာ​တော်​တွင်``ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​လူ​စု​တော်​အား​ချစ်​တော်​မူ သ​ဖြင့် အ​ဆွေ​တော်​အား​ထို​သူ​တို့​၏ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​တော်​မူ​ပါ​ပြီ။-

12. မိုး​မြေ​ကို​ဖန်​ဆင်း​တော်​မူ​သော​ဣသ​ရေ​လ လူ​မျိုး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ ကိုယ် တော်​သည်​ဒါ​ဝိဒ်​အား​အ​သိ​အ​လိမ္မာ​ဉာဏ် ပ​ညာ​ရှိ​သော​သား​တော်​တစ်​ပါး​ကို​ပေး တော်​မူ​၏။ ထို​သား​တော်​သည်​ယ​ခု​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​နှင့် မိ​မိ​အ​တွက် နန်း​တော်​ကို​တည်​ဆောက်​ရန်​အ​ကြံ​အ​စည် ရှိ​၏။-

၂ ရာ​ချုပ် 2