၂ ရာ​ချုပ် 2:5-7 Common Language Bible (BCL)

5. ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင်​သည်​ဘု​ရား​တ​ကာ တို့​ထက်​ကြီး​မြတ်​သည်​ဖြစ်​၍ ကျွန်ုပ်​သည်​ကြီး ကျယ်​ခမ်း​နား​သည့်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရန်​ရည်​ရွယ်​ပါ​၏။-

6. သို့​ရာ​တွင်​အ​ပြော​ကျယ်​စွာ​သော​ကောင်း​ကင် ပင်​လျှင်​ကိုယ်​တော်​၏​အ​တွက်​ကျဉ်း​မြောင်း သည်​ဖြစ်​၍ အ​မှန်​စင်​စစ်​အ​ဘယ်​သူ​မျှ ကိုယ်​တော်​စံ​တော်​မူ​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​နိုင်​လိမ့်​မည်​မ​ဟုတ်​ပါ။ သို့​ဖြစ်​၍ ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ရန်​အ​တွက်​သာ​ဗိ​မာန် တော်​ကို​တည်​ဆောက်​ပါ​မည်။-

7. ယ​ခု​အ​ဆွေ​တော်​သည်​ကျွန်ုပ်​၏​ထံ​သို့​ပန်း​ပု အ​တတ်၊ ရွှေ​ငွေ​နှင့်​ကြေး​ဝါ​ပန်း​ထိမ်​အ​တတ်၊ ပန်း​ထည်​အ​တတ်၊ နီ​ပြာ​ညို​မောင်း​သော​အ​ထည် ယက်​လုပ်​သည့်​အ​တတ်​တို့​ကို​ကျွမ်း​ကျင်​သူ တစ်​ယောက်​စေ​လွှတ်​စေ​လို​ပါ​သည်။ ထို​သူ​သည် ကျွန်ုပ်​၏​ခ​မည်း​တော်​ရွေး​ချယ်​ထား​သည့်​ယု​ဒ ပြည်​နှင့် ယေ​ရု​ရှ​လင်​မြို့​မှ​လက်​မှု​ပ​ညာ​သည် များ​နှင့်​အ​တူ​လုပ်​ကိုင်​ရန်​ဖြစ်​ပါ​သည်။-

၂ ရာ​ချုပ် 2