၂ ရာ​ချုပ် 14:2-6 Common Language Bible (BCL)

2. အာ​သ​သည်​ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို​ပြု​ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​တွင်​မျက်​နှာ​ရ​တော်​မူ​၏။-

3. သူ​သည်​လူ​မျိုး​ခြား​တို့​၏​ယဇ်​ပလ္လင်​များ​နှင့် ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက် ပြီး​လျှင် ကျောက်​တိုင်​များ​နှင့်​တံ​ခွန်​တိုင် များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​လေ​သည်။-

4. ယု​ဒ​ပြည်​သူ​တို့​အား​မိ​မိ​တို့​ဘိုး​ဘေး​များ ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အလို​တော် ကို​လိုက်​လျှောက်​ကြ​ရန်​နှင့်​ကိုယ်​တော်​၏ တ​ရား​တော်၊ ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-

5. ယု​ဒ​ပြည်​အ​မြို့​မြို့​မှ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ရာ​ပလ္လင် များ​ကို​ဖျက်​ဆီး​တော်​မူ​သ​ဖြင့် ထို​မင်း​၏ လက်​ထက်​၌​နိုင်​ငံ​တော်​သည်​ငြိမ်း​ချမ်း သာ​ယာ​လျက်​နေ​၏။-

6. သူ​သည်​မိ​မိ​နန်း​စံ​နေ​ချိန်​၌​ယု​ဒ​မြို့​များ ကို တံ​တိုင်း​ကာ​ရံ​စေ​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​သည်​သူ့​အား​ငြိမ်း​ချမ်း​သာ​ယာ​ရေး ကို​ပေး​တော်​မူ​သ​ဖြင့် နှစ်​ပေါင်း​များ​စွာ​စစ် ဖြစ်​ပွား​မှု​မ​ရှိ​ချေ။-

၂ ရာ​ချုပ် 14