၂ ရာ 9:5-8 Common Language Bible (BCL)

5. သို့​ဖြစ်​၍​ဒါ​ဝိဒ်​မင်း​သည်​ယော​န​သန်​၏ သား​ကို​အ​ခေါ်​ခိုင်း​တော်​မူ​၏။

6. ရှော​လု​၏​မြေး​ယော​န​သန်​၏​သား​မေ​ဖိ​ဗော ရှက်​သည်​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​၏ ရှေ့​တွင်​ရို​သေ​စွာ​ပျပ်​ဝပ်​လျက်​နေ​၏။ ဒါ​ဝိဒ် က``မေ​ဖိ​ဗော​ရှက်'' ဟု​ခေါ်​လျှင်​မေ​ဖိ​ဗော ရှက်​က``ကိုယ်​တော့်​ကျွန်​ရှိ​ပါ​သည်'' ဟု​ထူး လေ​၏။

7. ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

8. မေ​ဖိ​ဗော​ရှက်​သည်​တစ်​ဖန်​ဦး​ချ​ပြီး လျှင်``အ​ရှင်​ခွေး​သေ​ကောင်​သ​ဖွယ်​ဖြစ်​သူ ကျွန်​တော်​မျိုး​အား​အ​ရှင်​သည် အ​ဘယ် ကြောင့်​ဤ​သို့​ကျေး​ဇူး​ပြု​တော်​မူ​ပါ သ​နည်း'' ဟု​လျှောက်​၏။

၂ ရာ 9