1. ကာလအနည်းငယ်ကြာသောအခါ ဒါဝိဒ် သည်ဖိလိတ္တိအမျိုးသားတို့အားနှိမ်နင်း ကာ သူတို့၏စိုးမိုးမှုကိုနိဂုံးချုပ်စေ တော်မူ၏။
10. သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။-
11-12. ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။