10. သို့ရာတွင်ဒါဝိဒ်သည်သန်းခေါင်စာရင်း ကောက်ပြီးသောအခါနောင်တရလျက် ထာဝရဘုရားအား``အကျွန်ုပ်သည်ဤ ကြောက်မက်ဖွယ်ကောင်းသောအပြစ်ကိုကူး လွန်မိပါပြီ။ အကျွန်ုပ်အားအပြစ်ဖြေလွှတ် တော်မူပါ။ အကျွန်ုပ်သည်မိုက်မဲစွာပြု မိပါပြီ'' ဟုလျှောက်ထား၏။
11-12. ထာဝရဘုရားသည်ဒါဝိဒ်၏ပုရောဟိတ် ဖြစ်သူပရောဖက်ဂဒ်အား``သင်သည်ဒါဝိဒ် ထံသို့သွားလော့။ ငါပြုရန်ရှိသည့်အမှု သုံးခုအနက်သူကြိုက်နှစ်သက်ရာတစ်ခု ကိုရွေးချယ်နိုင်ကြောင်းပြောကြားလော့။ သူ ရွေးချယ်ရာကိုငါပြုမည်'' ဟုမိန့်တော်မူ၏။ နောက်တစ်နေ့နံနက်အချိန်ဒါဝိဒ်အိပ်ရာ မှထတော်မူသောအခါ၊-
13. ဂဒ်သည်လာရောက်၍ မိမိအားထာဝရ ဘုရားမိန့်တော်မူသည့်အတိုင်းမင်းကြီး အားတင်ပြလျှောက်ထားပြီးလျှင်``အရှင် မင်းကြီးသုံးနှစ်ပတ်လုံးအစာငတ်မွတ် ခေါင်းပါးမှု၊ သုံးလပတ်လုံးရန်သူတပ် များကိုတိမ်းရှောင်ထွက်ပြေးနေမှု၊ သုံးရက် ပတ်လုံးကပ်ရောဂါကျရောက်မှုတည်းဟူ သောဘေးတို့အနက်အဘယ်ဘေးကိုရွေး ချယ်တော်မူပါမည်နည်း။ အဘယ်သို့ ထာဝရဘုရားအားအကျွန်ုပ်ပြန် ကြားလျှောက်ထားရမည်ကိုစဉ်းစား တော်မူပါ'' ဟုမေးလျှောက်၏။
14. ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။-
15. သို့ဖြစ်၍ထာဝရဘုရားသည်နံနက်ချိန် မှစ၍ပြဋ္ဌာန်းတော်မူသည့်အချိန်အထိ ဣသရေလအမျိုးသားတို့အပေါ်သို့ ကပ်ရောဂါဆိုက်ရောက်စေတော်မူ၏။ တိုင်း ပြည်တစ်စွန်းမှတစ်စွန်းတိုင်အောင်ဣသ ရေလအမျိုးသားပေါင်းခုနစ်သောင်း မျှသေဆုံးကြ၏။-