၂ ရာ 23:13-16 Common Language Bible (BCL)

13. ကောက်​ရိတ်​ချိန်​နီး​သော​အ​ခါ​ရဲ​ဘော်​သုံး ကျိပ်​ဝင်​သူ​ရဲ​ကောင်း​သုံး​ယောက်​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​အ​ဒု​လံ​ဥ​မင်​သို့​ဆင်း​သွား ကြ​၏။ ထို​အ​ချိန်​၌​ဖိ​လိတ္တိ​အ​မျိုး​သား တစ်​စု​သည်​ရေ​ဖိမ်​ချိုင့်​ဝှမ်း​၌​တပ်​စ​ခန်း ချ​လျက်​ရှိ​နေ​ကြ​၏။-

14. ထို​အ​ခါ​က​ဒါ​ဝိဒ်​သည်​တောင်​ပေါ်​ခံ​တပ် ထဲ​တွင်​ရှိ​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တစ်​စု က​ဗက်​လင်​မြို့​ကို​သိမ်း​ယူ​ထား​ကြ​၏။-

15. ဒါ​ဝိဒ်​က``ဗက်​လင်​မြို့​တံ​ခါး​အ​နီး​ရှိ ရေ​တွင်း​မှ​ရေ​ကို​ငါ​သောက်​ချင်​ပါ​ဘိ'' ဟု​တောင့်​တ​ပြော​ဆို​မိ​ရာ၊-

16. နာ​မည်​ကျော်​ရဲ​ဘော်​သုံး​ယောက်​တို့​သည် ဖိ​လိတ္တိ​တပ်​စ​ခန်း​ကို​ထိုး​ဖောက်​ပြီး​နောက် ရေ​တွင်း​မှ​ရေ​ကို​ခပ်​ယူ​၍​ဒါ​ဝိဒ်​ထံ​သို့ ယူ​ဆောင်​ခဲ့​ကြ​၏။ သို့​ရာ​တွင်​မင်း​ကြီး​သည် ထို​ရေ​ကို​သောက်​တော်​မ​မူ​ဘဲ​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သည့်​အ​နေ​ဖြင့်​သွန်း လောင်း​လျက်၊-

၂ ရာ 23