15. ယွာဘ၏လူတို့သည်လည်းရောက်ရှိလာကြ လျက်မြို့ထဲတွင် ရှေဘခိုနေကြောင်းကြား၍ မြို့ကိုဝိုင်းရံထားကြလေသည်။ သူတို့သည် မြို့အပြင်တံတိုင်းကိုကပ်၍ မြေကတုတ် များဖို့ကာမြို့ရိုးပြိုကျစေရန်တံတိုင်း အောက်မြေကိုတူးကြ၏။-
16. ထိုမြို့ထဲတွင်အသိအလိမ္မာရှိသူအမျိုး သမီးတစ်ယောက်ရှိ၏။ သူက``သင်တို့နား ထောင်ကြလော့။ နားထောင်ကြလော့။ ငါသည် ယွာဘနှင့်စကားပြောလိုသည်။ သူ့အား ဤနေရာသို့ခေါ်ခဲ့ကြလော့'' ဟုမြို့ရိုး ပေါ်မှဟစ်အော်၏။-
17. ယွာဘရောက်ရှိလာသောအခါအမျိုး သမီးက``သင်သည်ယွာဘပေလော'' ဟု မေး၏။``ဟုတ်ပါသည်'' ဟုယွာဘဆိုလျှင်၊``အရှင်ကျွန်မ၏စကားကိုနားထောင် တော်မူပါ'' ဟုအမျိုးသမီးကပြော၏။``ယွာဘက`အကျွန်ုပ်နားထောင်နေပါသည်' ဟုဆိုသောအခါ၊
18. အမျိုးသမီးက``အကြောင်းပြီးစေလိုသော် အာဗေလမြို့သို့သွားလော့' ဟုရှေးဆိုရိုး စကားရှိပါ၏။ လူတို့သည်ဤအတိုင်း လည်းပြုခဲ့ကြ၏။-