11. ယွာဘ၏ငယ်သားတစ်ယောက်သည်အာမသ ၏အလောင်းအနီးတွင်ရပ်လျက်``ယွာဘနှင့် ဒါဝိဒ်၏ဘက်သားမှန်သမျှသည်ယွာဘ နောက်သို့လိုက်ကြလော့'' ဟုအော်ဟစ်၏။-
12. အာမသ၏အလောင်းသည်လမ်းလယ်တွင် သွေး၌လူးလျက်နေ၏။ လူတိုင်းပင်ထို နေရာသို့ရောက်သောအခါရပ်တန့်လိုက် ကြသည်ကိုယွာဘ၏ငယ်သားမြင်သော အခါ အလောင်းကိုကွင်းပြင်သို့ဆွဲယူ ပြီးလျှင်အဝတ်နှင့်အုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော်အနီးမှဖြတ် သွားသူအပေါင်းတို့သည်ထိုအလောင်း ကိုမြင်ရကြသောကြောင့်ဖြစ်၏။-
13. လမ်းပေါ်မှအလောင်းကိုဖယ်ရှားလိုက်သော အခါ လူအပေါင်းတို့သည်ရှေဘအားလိုက် လံဖမ်းဆီးရန်ယွာဘ၏နောက်သို့လိုက်သွား ကြ၏။
14. ရှေဘသည်ဣသရေလအနွယ်ရှိသမျှထံ သို့ လှည့်လည်ပြီးလျှင်အာဗေလဗက်မာခ မြို့သို့ရောက်ရှိလာ၏။ ထိုအခါဗိခရိ သားချင်းစုရှိသမျှတို့သည် သူ့နောက်သို့ လိုက်၍မြို့ထဲသို့ဝင်ကြ၏။-