၂ ရာ 20:10-16 Common Language Bible (BCL)

10. အာ​မ​သ​သ​တိ​လစ်​နေ​စဉ်​သူ​၏​ဝမ်း​ကို လက်​ဝဲ​လက်​တွင်​ကိုင်​ထား​သော​ဋ္ဌား​နှင့်​ထိုး လိုက်​ရာ အူ​များ​မြေ​ပေါ်​သို့​ကျ​၍​ချက်​ချင်း ပင်​အာ​မ​သ​သေ​ဆုံး​လေ​၏။ ထို့​ကြောင့် ယွာ​ဘ​သည်​သူ့​အား​နောက်​တစ်​ချက်​ထပ် ၍​ထိုး​ရန်​မ​လို​တော့​ချေ။ထို​နောက်​ယွာ​ဘ​နှင့် သူ​၏​ညီ​အ​ဘိ​ရှဲ တို့​သည် ရှေ​ဘ​၏​နောက်​သို့​လိုက်​ကြ​၏။-

11. ယွာ​ဘ​၏​ငယ်​သား​တစ်​ယောက်​သည်​အာ​မ​သ ၏​အ​လောင်း​အ​နီး​တွင်​ရပ်​လျက်``ယွာ​ဘ​နှင့် ဒါ​ဝိဒ်​၏​ဘက်​သား​မှန်​သ​မျှ​သည်​ယွာ​ဘ နောက်​သို့​လိုက်​ကြ​လော့'' ဟု​အော်​ဟစ်​၏။-

12. အာ​မ​သ​၏​အ​လောင်း​သည်​လမ်း​လယ်​တွင် သွေး​၌​လူး​လျက်​နေ​၏။ လူ​တိုင်း​ပင်​ထို နေ​ရာ​သို့​ရောက်​သော​အ​ခါ​ရပ်​တန့်​လိုက် ကြ​သည်​ကို​ယွာ​ဘ​၏​ငယ်​သား​မြင်​သော အ​ခါ အ​လောင်း​ကို​ကွင်း​ပြင်​သို့​ဆွဲ​ယူ ပြီး​လျှင်​အ​ဝတ်​နှင့်​အုပ်​ထား​လိုက်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​အ​နီး​မှ​ဖြတ် သွား​သူ​အ​ပေါင်း​တို့​သည်​ထို​အ​လောင်း ကို​မြင်​ရ​ကြ​သော​ကြောင့်​ဖြစ်​၏။-

13. လမ်း​ပေါ်​မှ​အ​လောင်း​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ လူ​အ​ပေါင်း​တို့​သည်​ရှေ​ဘ​အား​လိုက် လံ​ဖမ်း​ဆီး​ရန်​ယွာ​ဘ​၏​နောက်​သို့​လိုက်​သွား ကြ​၏။

14. ရှေ​ဘ​သည်​ဣသ​ရေ​လ​အ​နွယ်​ရှိ​သ​မျှ​ထံ သို့ လှည့်​လည်​ပြီး​လျှင်​အာ​ဗေ​လ​ဗက်​မာ​ခ မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​အ​ခါ​ဗိ​ခ​ရိ သား​ချင်း​စု​ရှိ​သ​မျှ​တို့​သည် သူ့​နောက်​သို့ လိုက်​၍​မြို့​ထဲ​သို့​ဝင်​ကြ​၏။-

15. ယွာ​ဘ​၏​လူ​တို့​သည်​လည်း​ရောက်​ရှိ​လာ​ကြ လျက်​မြို့​ထဲ​တွင် ရှေ​ဘ​ခို​နေ​ကြောင်း​ကြား​၍ မြို့​ကို​ဝိုင်း​ရံ​ထား​ကြ​လေ​သည်။ သူ​တို့​သည် မြို့​အ​ပြင်​တံ​တိုင်း​ကို​ကပ်​၍ မြေ​က​တုတ် များ​ဖို့​ကာ​မြို့​ရိုး​ပြို​ကျ​စေ​ရန်​တံ​တိုင်း အောက်​မြေ​ကို​တူး​ကြ​၏။-

16. ထို​မြို့​ထဲ​တွင်​အသိ​အ​လိမ္မာ​ရှိ​သူ​အ​မျိုး သ​မီး​တစ်​ယောက်​ရှိ​၏။ သူ​က``သင်​တို့​နား ထောင်​ကြ​လော့။ နား​ထောင်​ကြ​လော့။ ငါ​သည် ယွာ​ဘ​နှင့်​စ​ကား​ပြော​လို​သည်။ သူ့​အား ဤ​နေ​ရာ​သို့​ခေါ်​ခဲ့​ကြ​လော့'' ဟု​မြို့​ရိုး ပေါ်​မှ​ဟစ်​အော်​၏။-

၂ ရာ 20