1. ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
2. ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
3. ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။
4. မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။-
5. အာမသသည်ယုဒပြည်သူတို့ကိုခေါ်ယူ ရန်ထွက်ခွာသွားသော်လည်း မင်းကြီးချိန်းဆို သည့်အချိန်၌ပြန်လည်၍ရောက်မလာချေ။-