၂ ရာ 2:9-12 Common Language Bible (BCL)

9. သူ​သည်​ထို​မြို့​တွင်​ဂိ​လဒ်​နယ်၊ အာ​ရှာ​နယ်၊ ယေ​ဇ​ရေ​လ​နယ်၊ ဧ​ဖ​ရိမ်​နယ်၊ ဗင်္ယာ​မိန်​နယ် အ​စ​ရှိ​သော​ဣသ​ရေ​လ​ပြည်​တစ်​ခု​လုံး​အ​တွက် ဣ​ရှ​ဗော​ရှက်​အား​မင်း​မြှောက်​လေ​သည်။-

10. ဣ​ရှ​ဗော​ရှက်​သည်​ဣ​သ​ရေ​လ​ဘု​ရင်​ဖြစ်​လာ သော​အ​ခါ အ​သက်​လေး​ဆယ်​ရှိ​၍​နှစ်​နှစ်​မျှ နန်း​စံ​ရ​၏။သို့​ရာ​တွင်​ယု​ဒ​အ​နွယ်​ဝင်​တို့​မူ​ကား​ဒါ​ဝိဒ် အား​ကျေး​ဇူး​သစ္စာ​စောင့်​ကြ​၏။-

11. ဒါ​ဝိဒ်​သည်​သူ​တို့​အား​ဟေ​ဗြုန်​မြို့​တွင်​ခု​နစ် နှစ်​ခွဲ​တိုင်​အုပ်​စိုး​တော်​မူ​၏။

12. အာ​ဗ​နာ​သည်​ဣ​ရှ​ဗော​ရှက်​၏​စစ်​သူ​ရဲ​များ နှင့်​အ​တူ​မ​ဟာ​နိမ်​မြို့​မှ​ဂိ​ဗောင်​မြို့​သို့​သွား ၏။-

၂ ရာ 2