၂ ရာ 2:3-6 Common Language Bible (BCL)

3. သူ​သည်​မိ​မိ​၏​အ​ပေါင်း​ပါ​တို့​နှင့်​အိမ်​ထောင် စု​များ​ကို​ခေါ်​ဆောင်​ကာ ဟေ​ဗြုန်​မြို့​ပတ်​ဝန်း ကျင်​ရှိ​မြို့​ရွာ​တို့​တွင်​နေ​ထိုင်​စေ​၏။-

4. ထို​အ​ခါ​ယု​ဒ​ပြည်​သား​တို့​သည်​ဟေ​ဗြုန် မြို့​သို့​လာ​၍ ဒါ​ဝိဒ်​အား​ယု​ဒ​ဘု​ရင်​အ​ဖြစ် ဘိ​သိက်​ပေး​ကြ​၏။ရှော​လု​၏​အ​လောင်း​ကို​ဂိ​လဒ်​ပြည်၊ ယာ​ဗက် မြို့​သား​တို့​က​သင်္ဂြိုဟ်​ကြ​ကြောင်း​ဒါ​ဝိဒ်​ကြား သိ​သော​အ​ခါ၊-

5. ထို​သူ​တို့​ထံ​သို့​လူ​အ​ချို့​ကို​စေ​လွှတ်​၍``သင် တို့​သည်​ရှော​လု​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ကြ ခြင်း​အား​ဖြင့် မိ​မိ​တို့​၏​ဘု​ရင်​အား​သစ္စာ စောင့်​ပုံ​ကို​ဖော်​ပြ​ကြ​ပေ​သည်။ သို့​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ကောင်း ချီး​ပေး​တော်​မူ​ပါ​စေ​သော။-

6. ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​သစ္စာ က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ​သော။ သင်​တို့ ပြု​ခဲ့​သည့်​အ​မှု​အ​တွက်​ငါ​သည်​လည်း​သင် တို့​အား​ကျေး​ဇူး​ပြု​မည်။-

၂ ရာ 2