20. အဗရှလုံ၏အမှုထမ်းတို့သည်ထိုအိမ် သို့လာရောက်၍ထိုအမျိုးသမီးအား``အဟိ မတ်နှင့်ယောနသန်အဘယ်မှာနည်း'' ဟု မေး၏။အမျိုးသမီးက``မြစ်တစ်ဘက်သို့ကူးသွား ကြပါသည်'' ဟုဖြေ၏။အမှုထမ်းတို့သည်ထိုသူတို့ကိုရှာသော် လည်းမတွေ့သဖြင့် ယေရုရှလင်မြို့သို့ ပြန်သွားကြ၏။-
21. သူတို့ပြန်သွားကြသောအခါအဟိမတ် နှင့်ယောနသန်တို့သည်ရေတွင်းထဲမှတက် လာပြီးလျှင် ဒါဝိဒ်မင်းထံသွားရောက်သတင်း ပို့ကြ၏။ သူတို့သည်မင်းကြီးအားအဟိသော ဖေလအဘယ်သို့မကောင်းကြံသည်ကိုသံ တော်ဦးတင်ပြီးနောက်``မြစ်တစ်ဘက်ကမ်းသို့ ဆောလျင်စွာကူးတော်မူပါ'' ဟုလျှောက်ထား ကြ၏။-
22. သို့ဖြစ်၍ဒါဝိဒ်နှင့်နောက်ပါအပေါင်းတို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူးကြရာ မိုး သောက်ချိန်၌တစ်ယောက်မကျန်တစ်ဘက် ကမ်းသို့ရောက်ရှိကြ၏။