1. ထိုနောက်အဗရှလုံသည်မြင်းရထားတစ်စီး၊ မြင်းများနှင့်ရှေ့တော်ပြေးစစ်သည်ငါးဆယ် ကိုမိမိအတွက်ထားရှိလေသည်။-
2. သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊-
3. အဗရှလုံက``ကြည့်လော့၊ သင်၏အမှုသည် တရားဥပဒေအရမှန်ကန်၏။ သို့ရာတွင် ဘုရင်၏ကိုယ်စားသင့်အမှုကိုစီရင်ပေး မည့်သူတစ်ယောက်မျှမရှိ။-
4. ငါသာလျှင်တရားသူကြီးဖြစ်ခဲ့ပါမူငြင်း ခုံမှု၊ တရားမှုရှိသူသည်ငါ့ထံသို့လာ၍ ငါသည်တရားသဖြင့်စီရင်မည်'' ဟုပြော ဆိုလေ့ရှိ၏။-
5. အကယ်၍ထိုသူသည်အဗရှလုံ၏အနီးသို့ ချဉ်းကပ်၍ဦးညွှတ်အရိုအသေပြုခဲ့သော် အဗရှလုံသည်လက်ကိုဆန့်၍ထိုသူအား ကိုင်ပြီးလျှင်နမ်းရှုပ်တတ်၏။-
6. အဗရှလုံသည်ဘုရင်၏အဆုံးအဖြတ် ကိုခံရန်လာရောက်သူ ဣသရေလအမျိုး သားမှန်သမျှကို ဤနည်းအတိုင်းပြုသဖြင့် ထိုသူတို့၏ကျေးဇူးသစ္စာကိုခံယူရရှိ လေသည်။
7. လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။-
8. ရှုရိပြည်ဂေရှုရမြို့တွင်နေထိုင်စဉ်အခါက အကယ်၍ထာဝရဘုရားသည် အကျွန်ုပ်အား ယေရုရှလင်မြို့သို့ပြန်လည်ပို့ဆောင်ပေး တော်မူပါလျှင် ကိုယ်တော်အားဟေဗြုန်မြို့ တွင်ဝတ်ပြုကိုးကွယ်ပါမည်ဟုအကျွန်ုပ် ကတိထားခဲ့ပါ၏'' ဟုလျှောက်၏။-
9. မင်းကြီးက``ငြိမ်းချမ်းစွာသွားလော့'' ဟု ဆိုသဖြင့်အဗရှလုံသည်ဟေဗြုန်မြို့ သို့သွားလေ၏။-
10. သို့ရာတွင်သူသည်ဣသရေလအနွယ်ရှိ သမျှတို့ထံသို့စေတမန်များလွှတ်ပြီး လျှင်``သင်တို့သည်တံပိုးခရာများမှုတ် သံကိုကြားသောအခါ``အဗရှလုံသည် ဟေဗြုန်မြို့တွင်နန်းတက်တော်မူပြီ' ဟု ကြွေးကြော်ကြလော့'' ဟုမှာကြားထား လေသည်။-