13. အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။-
14. ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။-
15. အရှင်မင်းကြီး၊ အရှင့်ထံသို့ကျွန်တော် မလာရောက်လျှောက်ထားရသည့်အကြောင်း မှာ လူတို့သည်ကျွန်တော်မအားခြိမ်းခြောက် ကြသောကြောင့်ဖြစ်ပါ၏။ သို့ဖြစ်၍ကျွန် တော်မ၏ပြန်ကြားချက်အတိုင်းပြုတော် မူလိမ့်မည်ဟုမျှော်လင့်လျက်ကျွန်တော်မ သည်အရှင့်အားလျှောက်ထားရသော်ကောင်း အံ့ဟုတစ်ကိုယ်တည်းပြောဆိုနေမိပါ၏။-
16. မင်းကြီးသည်ကျွန်တော်မ၏သားကိုသတ် ၍မိမိလူမျိုးတော်အား ဘုရားသခင်ပေး တော်မူသည့်ပြည်မှပယ်ရှားရန်ကြိုးစား သူတို့၏လက်မှကျွန်တော်မကိုကယ်တော် မူမည်ဖြစ်ကြောင်းကျွန်တော်မသည်တွေး တောမိပါ၏။-
17. အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
18. မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊အမျိုးသမီးက``အရှင်မင်းကြီးမေးလိုရာ မေးတော်မူပါ'' ဟုလျှောက်၏။
19. မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။-
20. သူသည်ယင်းသို့ပြုရခြင်းမှာဤအမှု၏ အခြေအနေကိုပြောင်းလဲစေရန်ပင်ဖြစ် ပါ၏။ အရှင်မင်းကြီးသည်ဘုရားသခင်၏ ကောင်းကင်တမန်ကဲ့သို့ ဉာဏ်ပညာရှိ၍ဖြစ် ပျက်သည့်အမှုအရာမှန်သမျှကိုသိတော် မူပါ၏'' ဟုလျှောက်ထား၏။
21. ထိုနောက်မင်းကြီးသည်ယွာဘအား``သင်အလို ရှိသည့်အတိုင်းပြုရန်ငါဆုံးဖြတ်ပြီးပြီ။ ထို သူငယ်အဗရှလုံကိုသွား၍ခေါ်လော့'' ဟု မိန့်တော်မူ၏။
22. ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။-
23. ထိုနောက်သူသည်ထ၍ဂေရှုရမြို့သို့သွား၍ အဗရှလုံအားယေရုရှလင်မြို့သို့ပြန်လည် ခေါ်ခဲ့၏။-
24. သို့ရာတွင်မင်းကြီးသည်အဗရှလုံအား နန်းတော်တွင်း၌နေထိုင်ခွင့်မပြုရန်အမိန့် ထုတ်ဆင့်တော်မူ၏။ မင်းကြီးက``ငါသည်သူ့ ကိုမတွေ့မမြင်လို'' ဟုဆို၏။ ထို့ကြောင့် အဗရှလုံသည်ကိုယ်ပိုင်အိမ်တော်တွင်နေ ထိုင်ရသော်လည်းမင်းကြီး၏ရှေ့တော်သို့ ဝင်ရောက်ခွင့်မရချေ။