၂ ရာ 14:1-4 Common Language Bible (BCL)

1. ဇေ​ရု​ယာ​၏​သား​ယွာ​ဘ​သည် အ​ဗ​ရှ​လုံ​ကို ဒါ​ဝိဒ်​မင်း​လွန်​စွာ​လွမ်း​ဆွတ်​တ​သ​လျက်​နေ ကြောင်း​သိ​၏။-

2. ထို့​ကြောင့်​သူ​သည်​တေ​ကော​မြို့​နေ​အ​သိ အ​လိမ္မာ​ရှိ​သူ​အ​မျိုး​သ​မီး​တစ်​ယောက်​ကို အ​ခေါ်​ခိုင်း​ပြီး​လျှင် ထို​အ​မျိုး​သ​မီး​အား``သင် သည်​ငို​ကြွေး​မြည်​တမ်း​ဟန်​ပြု​လော့။ ဝမ်း​နည်း ပူ​ဆွေး​သည့်​အ​နေ​ဖြင့်​ဝတ်​စား​၍​ခေါင်း​မ​ဖီး ဘဲ ကာ​လ​ကြာ​မြင့်​စွာ​ငို​ကြွေး​မြည်​တမ်း​နေ သူ​အ​မျိုး​သ​မီး​တစ်​ဦး​ကဲ့​သို့​ပြု​မူ​လော့။-

3. ထို​နောက်​ဘု​ရင်​၏​ထံ​တော်​သို့​သွား​၍​ငါ​ပြော သည့်​အ​တိုင်း​လျှောက်​ထား​လော့'' ဟု​ဆို​ပြီး နောက်​မင်း​ကြီး​အား​မည်​သို့​လျှောက်​ထား​ရ မည်​ကို​သင်​ကြား​ပေး​၏။

4. ထို​အ​မျိုး​သ​မီး​သည်​ဘု​ရင့်​ထံ​သို့​သွား​၍ ပျပ်​ဝပ်​ရှိ​ခိုး​လျက်``အ​ရှင်​မင်း​ကြီး​ကျွန်​တော် မ​အား​ကယ်​တော်​မူ​ပါ'' ဟု​လျှောက်​၏။

၂ ရာ 14