၂ ရာ 13:1-4 Common Language Bible (BCL)

1. ဒါ​ဝိဒ်​၏​သား​တော်​အ​ဗ​ရှ​လုံ​တွင် တာ​မာ နာ​မည်​ရှိ​သော​အ​ဆင်း​လှ​သူ​နှ​မ​တော်​ရှိ ၏။ ဒါ​ဝိဒ်​၏​သား​တော်​တစ်​ပါး​ဖြစ်​သူ​အာ မ​နုန်​သည်​ထို​နှ​မ​တော်​ကို​အ​လွန်​စုံ​မက်​၏။-

2. သူ​သည်​တာ​မာ​ကို​အ​လွန်​ချစ်​လှ​သ​ဖြင့် စိတ္တ​ဇ​ရော​ဂါ​စွဲ​ကပ်​လာ​လေ​သည်။ နှ​မ​တော် သည်​အ​ပျို​စင်​ဖြစ်​သ​ဖြင့် အာ​မ​နုန်​သည် မိ​မိ​အ​လို​ပြည့်​စေ​ရန်​မ​ကြံ​တတ်​အောင် ဖြစ်​လေ​၏။-

3. သို့​ရာ​တွင်​သူ့​မှာ​ယော​န​ဒပ်​အ​မည်​တွင်​သော မိတ်​ဆွေ​ရှိ​၏။ ယော​န​ဒပ်​သည်​ဒါ​ဝိဒ်​၏​အစ်​ကို ရှိ​မာ​၏​သား​ဖြစ်​၏။ သူ​သည်​အ​လွန်​ပါး​နပ် လိမ္မာ​သူ​တည်း။-

4. ယော​န​ဒပ်​က``သင်​သည်​ဘု​ရင့်​သား​တော်​ဖြစ် ပါ​လျက် နေ့​စဉ်​ရက်​ဆက်​စိတ်​မ​ချမ်း​မ​သာ ဖြစ်​လျက်​နေ​သည်​ကို​ငါ​တွေ့​မြင်​ရ​ပါ​၏။ အ​ကြောင်း​အ​ဘယ်​သို့​ရှိ​သည်​ကို​ငါ့​အား ပြော​လော့'' ဟု​အာ​မ​နုန်​အား​ဆို​၏။အာ​မ​နုန်​က``ငါ​နှင့်​အ​ဖေ​တူ​အ​မေ​ကွဲ​ညီ အစ်​ကို​တော်​သူ​အ​ဗ​ရှ​လုံ​၏​နှ​မ​တာ​မာ ကို​ငါ​ချစ်​လျက်​နေ​ပါ​၏'' ဟု​ပြန်​ပြော​၏။

37-38. အ​ဗ​ရှ​လုံ​သည်​ထွက်​ပြေး​ပြီး​လျှင်​ဂေ​ရှု​ရ ပြည်​အ​မိ​ဟုဒ်​၏​သား​ဘု​ရင်​တာ​လ​မဲ​ထံ သို့​သွား​၏။ ဒါ​ဝိဒ်​သည်​လည်း​သား​တော် အာ​မ​နုန်​အ​တွက် ကာ​လ​ကြာ​မြင့်​စွာ​ဝမ်း နည်း​ကြေ​ကွဲ​လျက်​နေ​၏။ အ​ဗ​ရှ​လုံ​သည် ဂေ​ရှု​ရ​ပြည်​တွင်​သုံး​နှစ်​မျှ​နေ​လေ​သည်။-

၂ ရာ 13