၂ ရာ 12:1-7 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​နာ​သန်​အား ဒါ​ဝိဒ်​ထံ​သို့​စေ​လွှတ်​တော်​မူ​သ​ဖြင့် နာ​သန်​သည် သွား​၍​မင်း​ကြီး​အား``အ​ခါ​တစ်​ပါး​က​တစ်​မြို့ တည်း​နေ​လူ​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည်​ချမ်း သာ​ကြွယ်​ဝ​၍​တစ်​ယောက်​က​ဆင်း​ရဲ​၏။-

2. သူ​ဌေး​တွင်​နွား​နှင့်​သိုး​အ​မြောက်​အ​မြား​ရှိ​၏။-

3. သူ​ဆင်း​ရဲ​၌​ကား​မိ​မိ​ဝယ်​ထား​သော​သိုး​က​လေး တစ်​ကောင်​သာ​ရှိ​၏။ သူ​သည်​ထို​သိုး​ငယ်​ကို​ကြည့်​ရှု စောင့်​ရှောက်​၏။ သိုး​ငယ်​သည်​သမီး​သ​ဖွယ်​အိမ်​တွင် သား​သ​မီး​များ​နှင့်​အ​တူ​ကြီး​ပြင်း​လာ​သည်။ သူ​သည်​သိုး​ငယ်​အား​မိ​မိ​စား​သည့်​အ​စား အ​စာ​ကို​ကျွေး​တတ်​၏။ မိ​မိ​၏​သောက်​ရေ​ခွက် မှ​ရေ​ကို​တိုက်​၍​ပေါင်​ပေါ်​တွင်​ချီ​ပွေ့​ထား တတ်​၏။-

4. တစ်​နေ့​သ​၌​သူ​ဌေး​၏​အိမ်​သို့​ဧည့်​သည်​တစ် ယောက်​ရောက်​ရှိ​လာ​၏။ သူ​ဌေး​သည်​ဧည့်​ဝတ် ပြု​ရန်​အ​တွက်​မိ​မိ​၏​သိုး​နွား​ကို​မ​သတ် လို​သ​ဖြင့် သူ​ဆင်း​ရဲ​၏​သိုး​ငယ်​ကို​ယူ​၍ သတ်​ပြီး​လျှင်​ဧည့်​သည်​အား​ကျွေး​မွေး​ရန် ချက်​ပါ​၏'' ဟု​လျှောက်​၏။

5. ထို​အ​ခါ​ဒါ​ဝိဒ်​သည်​ထို​သူ​ဌေး​အား​လွန်​စွာ အ​မျက်​ထွက်​သ​ဖြင့်``ဤ​သို့​သော​အ​မှု​ကို​ပြု​သူ သည်​သေ​ဒဏ်​ခံ​သင့်​ကြောင်း​အ​သက်​ရှင်​တော်​မူ သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန် ဆို​ပါ​၏။-

6. သူ​သည်​ဤ​သို့​ရက်​စက်​သည့်​အ​မှု​ကို​ပြု​သည့် အ​တွက် မိ​မိ​ယူ​ထား​သည့်​သိုး​ငယ်​တစ်​ကောင် အ​စား​လေး​ဆ​ပြန်​၍​ပေး​လျော်​စေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

7. နာ​သန်​က``ထို​သူ​ကား​အ​ရှင်​မင်း​ကြီး​ပင်​ဖြစ် ပါ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`ငါ​သည်​သင့်​ကို ဣ​သ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့်​ထား​၍​ရှော​လု လက်​မှ​ကယ်​ဆယ်​ခဲ့​၏။-

၂ ရာ 12