12. ထို့ကြောင့်ဒါဝိဒ်က``သို့ဖြစ်လျှင်ဤအရပ်တွင် ပင်ယနေ့နားနေလော့။ နက်ဖြန်သင့်အားပြန်၍ လွှတ်မည်'' ဟုမိန့်တော်မူ၏။ ထို့ကြောင့်ဥရိယ သည်ထိုနေ့နှင့်နောက်တစ်နေ့ယေရုရှလင် မြို့တွင်နေလေသည်။-
13. ဒါဝိဒ်သည်သူ့အားညစာစားရန်ဖိတ်ခေါ်ပြီး လျှင်ယစ်မူးအောင်သောက်စားစေ၏။ သို့သော် လည်းဥရိယသည်ထိုည၌လည်းအိမ်သို့မ ပြန်ဘဲနန်းတော်အစောင့်တပ်သားများ၏ အခန်းတွင်စောင်ခင်း၍အိပ်လေသည်။
14. နောက်တစ်နေ့၌ဒါဝိဒ်သည်ယွာဘထံသို့ စာတစ်စောင်ရေး၍ဥရိယနှင့်ပေးလိုက်၏။-
15. စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။-
16. ထို့ကြောင့်ယွာဘသည်မြို့ကိုမိမိဝိုင်းရံ လျက်နေစဉ် ဥရိယအားရန်သူအင်အား ကြီးမားသည့်စစ်မျက်နှာသို့စေလွှတ်၏။-
17. ရန်သူတပ်သားတို့သည်မြို့ထဲမှထွက်လာ ပြီးနောက် ယွာဘ၏တပ်သားများနှင့်တိုက် ခိုက်ကြရာ ဒါဝိဒ်၏တပ်မှူးအချို့ကျဆုံး သွားကြလေသည်။ ယင်းသို့ကျဆုံးသူတို့ အထဲတွင်ဥရိယလည်းပါ၏။
18. ထိုနောက်ယွာဘသည်ဒါဝိဒ်ထံသို့တိုက်ပွဲ အကြောင်းအစီရင်ခံစာပေးပို့ကာ၊-