23. ``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲလင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
24. ``ဣသရေလအမျိုးသမီးတို့၊ရှောလုအတွက် ငိုကြွေးမြည်တမ်းကြလော့။သူသည်သင်တို့အားကမ္ဗလာနီထည်ကို ဝတ်ဆင်စေ၍ကျောက်မျက်ရတနာ၊ရွှေတန်ဆာဖြင့် ဆင်ယင်ပေးတော်မူ၏။
25. သူရဲကောင်းစစ်သည်တော်တို့ကျဆုံး ကြလေပြီ။ သူတို့သည်တိုက်ပွဲတွင်အသတ်ခံရကြ၏။ယောနသန်သည်တောင်ကုန်းများပေါ်တွင် လဲ၍သေနေလေပြီ။