12. သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
13. သတင်းယူဆောင်လာသူလူငယ်အားဒါဝိဒ် က``သင်သည်အဘယ်ပြည်သားနည်း'' ဟုမေး လျှင်၊``ကျွန်တော်သည်အာမလက်ပြည်သားဖြစ် ပါ၏။ သို့ရာတွင်အရှင်၏ပြည်တွင်နေထိုင် ပါသည်'' ဟုပြန်၍လျှောက်၏။
14. ဒါဝိဒ်က``သင်သည်အဘယ်ကြောင့်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင်ကို သတ်ဝံ့ပါသနည်း'' ဟုဆိုပြီးလျှင်ငယ်သား တစ်ယောက်ကိုခေါ်၍``ဤသူကိုကွပ်မျက်ပစ် လော့'' ဟုအမိန့်ပေးရာ၊-
15. ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။-
16. ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
17. ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့အတွက် အောက်ပါသီချင်းကိုဖွဲ့ဆို၏။
18. ယင်းကိုယုဒပြည်သူတို့အားလည်းသင်ကြား ပေးရန်အမိန့်ပေး၏။ (ဤအကြောင်းအရာ ကိုယာရှာစာစောင်တွင်မှတ်တမ်းတင်ထား သတည်း။)
19. ``ငါတို့ခေါင်းဆောင်များကားဣသရေလ တောင်ကုန်းများတွင်သေဆုံးကြလေပြီ။သူရဲကောင်းကြီးများကျဆုံးကြလေပြီ။
20. ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်းအာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
21. ``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည်သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။