၂ ကော 9:4-9 Common Language Bible (BCL)

4. အ​ကယ်​၍​ငါ​နှင့်​အ​တူ​မာ​ကေ​ဒေါ​နိ​ပြည် သား​အ​ချို့​တို့​လိုက်​ပါ​လာ​၍ သင်​တို့​မှာ အ​သင့်​ပြင်​ဆင်​ထား​မှု​မ​ရှိ​သည်​ကို​တွေ့​ရှိ ရ​ပါ​က သင်​တို့​သာ​လျှင်​အ​ရှက်​ရ​ကြ​လိမ့် မည်​မ​ဟုတ်။ ငါ​တို့​သည်​လည်း​သင်​တို့​အား များ​စွာ​ယုံ​ကြည်​စိတ်​ချ​မိ​သည်​အ​တွက် အ​ရှက်​ရ​ကြ​လိမ့်​မည်။-

5. သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။

6. မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-

7. လူ​တိုင်း​ပင်​မိ​မိ​၏​စေ​တ​နာ​စိတ်​ပြ​ဋ္ဌာန်း သည်​အ​တိုင်း​ပေး​လှူ​ရ​၏။ နှ​မြော​သော​စိတ် နှင့်​သော်​လည်း​ကောင်း၊ ပေး​လှူ​ရန်​တာ​ဝန် ဝတ္တ​ရား​ရှိ​သည်​ဟူ​သော​စိတ်​ဖြင့်​သော်​လည်း ကောင်း​မ​ပေး​မ​လှူ​အပ်။ ဘု​ရား​သ​ခင်​သည် စေ​တ​နာ​နှင့်​ပေး​လှူ​တတ်​သော​သူ​ကို နှစ်​သက်​တော်​မူ​၏။-

8. သင်​တို့​သည်​လို​သ​မျှ​သော​အ​ရာ​များ​ကို အ​စဉ်​ပင်​ရ​ရှိ​ပြီး​လျှင်​ကောင်း​မှု​အ​မျိုး​မျိုး တို့​တွင်​ကူ​ညီ​မ​စ​နိုင်​ကြ​စေ​ရန် ဘု​ရား သ​ခင်​သည်​သင်​တို့​အား​လို​သ​မျှ​သော အ​ရာ​တို့​ထက်​ပို​၍​ပေး​ရန်​တတ်​နိုင်​တော် မူ​၏။-

9. ကျမ်း​စာ​တော်​တွင်၊``သူ​သည်​ဆင်း​ရဲ​သူ​တို့​အား​ရက်​ရော​စွာ ပေး​ကမ်း​စွန့်​ကြဲ​၏။သူ​၏​သ​နား​ကြင်​နာ​မှု​သည်​ထာ​ဝ​စဉ်​တည်​၏''ဟူ​၍​ဖော်​ပြ​ပါ​ရှိ​ပေ​သည်။-

၂ ကော 9