၂ ကော 9:10-13 Common Language Bible (BCL)

10. မျိုး​ကြဲ​သူ​အား​မျိုး​စေ့​နှင့်​အ​စာ​ရေ​စာ​ကို ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ငါ​တို့​လို သ​မျှ​သော​မျိုး​စေ့​ကို​လည်း​ပေး​၍​အ​ပင် ပေါက်​ရှင်​သန်​စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ ရက်​ရော​သော​စိတ်​စေ​တ​နာ​မှ​အ​သီး​အ​ပွင့် များ​ကို​လည်း​ဖြစ်​ထွန်း​စေ​တော်​မူ​လိမ့်​မည်။-

11. သင်​တို့​သည်​အ​ခါ​ခပ်​သိမ်း​ရက်​ရော​စွာ​ပေး လှူ​နိုင်​ကြ​စေ​ရန်​ကိုယ်​တော်​သည်​သင်​တို့​အား အ​စဉ်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​လိမ့်​မည်။ ငါ​တို့​မှ​တစ်​ဆင့်​သင်​တို့​ပေး​လှူ​သော​အ​လှူ ငွေ​များ​ကို​ခံ​ယူ​ရ​ရှိ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​ကြ​လိမ့်​မည်။-

12. သင်​တို့​သည်​ဤ​ကောင်း​မှု​အား​ဖြင့်​ဘု​ရား သ​ခင်​၏​လူ​စု​တော်​အား​ချို့​တဲ့​နေ​စဉ်​ကူ​ညီ မ​စ​သည်​သာ​မ​က၊ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သံ​ကို​လည်း​တ​ခဲ​နက်​ထွက် ပေါ်​လာ​စေ​၏။-

13. ဤ​ကောင်း​မှု​၏​သာ​ဋ္ဌ​က​ကို​ထောက်​၍​လူ အ​မြောက်​အ​မြား​တို့​သည်​ခ​ရစ်​တော်​အ​ကြောင်း သ​တင်း​ကောင်း​ကို​သစ္စာ​ရှိ​စွာ​သင်​တို့​ခံ​ယူ ယုံ​ကြည်​ကြ​သည့်​အ​တွက်​လည်း​ကောင်း၊ သင် တို့​၏​စည်း​စိမ်​ချမ်း​သာ​များ​ကို​မိ​မိ​တို့​နှင့် အ​ခြား​သူ​အ​ပေါင်း​တို့​အား ရက်​ရော​စွာ ဝေ​မျှ​ပေး​ကမ်း​ကြ​သည့်​အ​တွက်​လည်း ကောင်း ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော် ကို​ချီး​ကူး​ကြ​ပေ​အံ့။-

၂ ကော 9