၂ ကော 6:3-7 Common Language Bible (BCL)

3. ငါ​တို့​၏​အ​လုပ်​နှင့်​ပတ်​သက်​၍​အ​ဘယ်​သူ​မျှ အ​ပြစ်​မ​ရှာ​နိုင်​စေ​ရန်​ငါ​တို့​သည်​သူ​တစ်​ပါး တို့​ရှေ့​၌​အ​နှောင့်​အ​ယှက်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု။-

4. ယင်း​သို့​ပြု​မည့်​အ​စား​ဆင်း​ရဲ​ဒုက္ခ​များ၊ ခဲ​ယဉ်း ကျပ်​တည်း​မှု​များ၊ အ​ခက်​အ​ခဲ​များ​ကို​စိတ်​ရှည် စွာ​သည်း​ခံ​လျက်​ကိစ္စ​အ​ဝ​ဝ​တွင်​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို ပေါ်​လွင်​စေ​ကြ​၏။-

5. ငါ​တို့​သည်​အ​ရိုက်​ခံ​ခဲ့​ရ​၏။ ထောင်​ကျ​ခဲ့ ကြ​၏။ လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ပြု​လုပ်​ခြင်း တို့​ကို​ခံ​ကြ​ရ​၏။ ငါ​တို့​မှာ​အ​လုပ်​မှ​နား ခွင့်​မ​ရှိ။ အိပ်​ရ​သည်​စား​ရ​သည်​ဟူ​၍​ပင်​မ​ရှိ။-

6. စိတ်​နှ​လုံး​သန့်​ရှင်း​စင်​ကြယ်​ခြင်း၊ ပ​ညာ​သ​တိ ရှိ​ခြင်း၊ သည်း​ခံ​ခြင်း၊ ကြင်​နာ​သ​နား​ခြင်း​တို့ ဖြင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် အား​ဖြင့်​လည်း​ကောင်း၊ စစ်​မှန်​သော​မေတ္တာ​အား ဖြင့်​လည်း​ကောင်း၊-

7. သမ္မာ​တ​ရား​တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​ကို​ဟော​ပြော​ကြေ​ညာ​ခြင်း​အား​ဖြင့် လည်း​ကောင်း ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​စေ​ခံ​များ​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​စေ ကြ​၏။ ထိုး​စစ်​ဆင်​သော​အ​ခါ​နှင့်​ခု​ခံ ကာ​ကွယ်​သော​အ​ခါ​၌ ငါ​တို့​သည်​ဖြောင့် မတ်​ခြင်း​တ​ရား​တည်း​ဟူ​သော​လက်​နက် ကို​အ​သုံး​ပြု​ကြ​၏။-

၂ ကော 6