10. ဝမ်းနည်းရသော်လည်းအစဉ်ဝမ်းမြောက်ကြ ၏။ သူဆင်းရဲများကဲ့သို့ဖြစ်သော်လည်းလူ အမြောက်အမြားကိုချမ်းသာကြွယ်ဝစေ ကြ၏။ ပစ္စည်းဥစ္စာတစ်စုံတစ်ခုကိုမျှမပိုင် သူများကဲ့သို့ဖြစ်သော်လည်းအလုံးစုံတို့ ကိုပိုင်ကြ၏။
11. ကောရိန္သုမြို့ရှိချစ်ဆွေတို့၊ ငါတို့သည်သင်တို့ အားပွင့်လင်းစွာပြောဆိုခဲ့ပြီ။ ငါတို့၏စိတ် နှလုံးတံခါးကိုသင်တို့အဖို့ကျယ်စွာဖွင့် ထားပြီ။-
12. စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။-
13. သို့ဖြစ်၍ငါတို့အားတုံ့ပြန်သောအနေဖြင့် သင်တို့၏စိတ်နှလုံးတံခါးကိုကျယ်စွာဖွင့် ကြလော့။