11. သို့မှသာစာတန်အားငါတို့အပေါ်အနိုင်မရ စေရန်တားဆီးနိုင်ပေမည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်စာတန်၏အကြံအစည်များ ကိုသိကြသောကြောင့်တည်း။
12. ခရစ်တော်၏အကြောင်းသတင်းကောင်းကိုကြေ ညာရန်တရောမြို့သို့ငါရောက်ရှိလာသောအခါ အမှုတော်ကိုထမ်းဆောင်နိုင်ရန်တံခါးကို သခင်ဘုရားဖွင့်ပေးတော်မူ၏။-
13. သို့ရာတွင်ငါ၏ညီအစ်ကိုတိတုအားမတွေ့ရ သဖြင့် ငါသည်လွန်စွာပူပင်သောကဖြစ်၏။ ထို့ ကြောင့်ထိုမြို့ရှိလူတို့ကိုနှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့သွား၏။
14. သို့ရာတွင်ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ငါတို့အားခရစ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်စေလျက် သုံ့ပန်းများအဖြစ်ဖြင့်ခရစ်တော် ၏အောင်ပွဲခံအခမ်းအနားလှည့်လည်ရာတွင် အစဉ်အမြဲလိုက်ပါစေတော်မူသောကြောင့် ဖြစ်၏။-