၂ ကော 12:9-19 Common Language Bible (BCL)

9. သို့​ဖြစ်​၍​ငါ​သည်​ခ​ရစ်​တော်​၏​တန်​ခိုး တော်​တွင်​ခို​လှုံ​နိုင်​ရန် ငါ​၏​အား​နည်း​ချက် များ​ကြောင့်​အ​ထူး​ဝမ်း​မြောက်​လျက်​ဂုဏ် ယူ​ဝါ​ကြွား​၏။-

10. ငါ​သည်​အား​နည်း​သော​အ​ခါ​၌​တန်​ခိုး​နှင့် ပြည့်​စုံ​လျက်​ရှိ​သ​ဖြင့် ခ​ရစ်​တော်​၏​အ​တွက် ကြောင့်​အား​နည်း​ခြင်း၊ စော်​ကား​ခြင်း၊ ဆင်း​ရဲ ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​နှင့်​အ​နှောင့် အ​ယှက်​တို့​ကို​ခံ​နေ​ရ​စဉ်​ရောင့်​ရဲ​တင်း​တိမ် မှု​ရှိ​၏။

11. ငါ​သည်​လူ​မိုက်​ကဲ့​သို့​ပြု​လေ​ပြီ။ သို့​ရာ​တွင် သင်​တို့​က​ငါ့​ကို​လူ​မိုက်​ဖြစ်​အောင်​ပြု​ကြ​၏။ သင်​တို့​သည်​ငါ့​ကို​ထောက်​ခံ​သင့်​သူ​များ ဖြစ်​ပေ​သည်။ ငါ​သည်​မ​ရေ​ရာ​သော​သူ​ဖြစ် စေ​ကာ​မူ​သင်​တို့​၏​ထူး​မြတ်​သည့်​တ​မန် တော်​များ​ထက်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ညံ့။-

12. ငါ​သည်​တ​မန်​တော်​တစ်​ပါး​ဖြစ်​ကြောင်း​ကို နိ​မိတ်​လက္ခ​ဏာ​များ၊ အံ့​ဖွယ်​ရာ​များ​အား ဖြင့်​သင်​တို့​အား​စိတ်​ရှည်​လက်​ရှည်​ငါ သက်​သေ​ပြ​ခဲ့​၏။-

13. သင်​တို့​အား​ငွေ​ရေး​ကြေး​ရေး​တာ​ဝန်​ကို မ​ပေး​ခဲ့​သည်​မှ​အ​ပ ငါ​သည်​သင်​တို့​အား အ​ခြား​အ​သင်း​တော်​များ​နှင့်​တန်း​တူ​ထား ၍​ဆက်​ဆံ​ခဲ့​၏။ ဤ​သို့​မ​မျှ​မ​တ​ပြု​မိ သည့်​အ​တွက်​ငါ့​အား​ခွင့်​လွှတ်​ကြ​ရန် တောင်း​ပန်​ပါ​၏။

14. ငါ​သည်​ယ​ခု​သင်​တို့​ထံ​သို့​တ​တိ​ယ​အ​ကြိမ် လာ​ရန်​အ​သင့်​ရှိ​ပြီ။ သို့​ရာ​တွင်​ငါ​၏​အ​တွက် သင်​တို့​အား​တာ​ဝန်​ကြီး​လေး​စေ​မည်​မ​ဟုတ်။ သင်​တို့​၏​ငွေ​ကြေး​ဥစ္စာ​များ​ကို​ငါ​အ​လို မ​ရှိ။ သင်​တို့​ကို​သာ​လျှင်​ငါ​အ​လို​ရှိ​၏။ သား သ​မီး​များ​က​မိ​ဘ​များ​အ​ဖို့​စု​ဆောင်း ရ​ကြ​သည်​မ​ဟုတ်။ မိ​ဘ​များ​က​သာ​လျှင် သား​သ​မီး​များ​အ​ဖို့​စု​ဆောင်း​ရ​ကြ​သည်။-

15. ငါ​သည်​သင်​တို့​ကို​ကူ​ညီ​ရန်​ဝမ်း​မြောက်​စွာ မိ​မိ​၏​ဥစ္စာ​နှင့်​အား​အင်​ကို​ကုန်​ခန်း​စေ​မည်။ ငါ​သည်​သင်​တို့​ကို​ဤ​မျှ​ချစ်​လျှင်​သင်​တို့ က​ငါ့​ကို​လျော့​၍​ချစ်​ကြ​မည်​လော။

16. ငါ​သည်​သင်​တို့​အား​ဝန်​မ​လေး​စေ​ခဲ့​ကြောင်း ကို​သင်​တို့​ဝန်​ခံ​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ​သည် ပ​ရိ​ယာယ်​ဖြင့်​သင်​တို့​အား​လိမ်​လည်​လှည့်​စား ခဲ့​သည်​ဟု​တစ်​စုံ​တစ်​ယောက်​က​စွပ်​စွဲ​လိမ့်​မည်။-

17. မည်​ကဲ့​သို့​ငါ​လှည့်​စား​ခဲ့​သ​နည်း။ သင်​တို့​ထံ သို့​ငါ​စေ​လွှတ်​သူ​တစ်​ဦး​ဦး​အား​ဖြင့် ငါ သည်​သင်​တို့​ထံ​မှ​အ​ခွင့်​ကောင်း​ယူ​ခဲ့​ဖူး သ​လော။-

18. ငါ​သည်​တိ​တု​အား​သင်​တို့​ထံ​သို့​သွား​ရန် တောင်း​ပန်​စေ​လွှတ်​ခဲ့​၏။ အ​ခြား​ခ​ရစ်​ယာန် ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း​သူ​နှင့်​အ​တူ ထည့်​လိုက်​၏။ တိ​တု​သည်​သင်​တို့​ထံ​မှ အ​ခွင့်​ကောင်း​ယူ​ခဲ့​သည်​ဟု​ဆို​မည်​လော။ သူ​နှင့်​ငါ​သည်​သ​ဘော​ချင်း​တူ​၍​တစ် လမ်း​တည်း​လိုက်​လျှောက်​ကျင့်​သုံး​ကြ သူ​များ​မ​ဟုတ်​လော။

19. ငါ​တို့​သည်​ယ​ခု​တစ်​ချိန်​လုံး​မိ​မိ​တို့​ကိုယ် ကို​ကွယ်​ကာ​ပြော​ဆို​လျက်​နေ​ကြ​သည်​ဟု သင်​တို့​ထင်​ကောင်း​ထင်​ကြ​လိမ့်​မည်။ ငါ​တို့ သည်​ထို​သို့​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်။ ခ​ရစ် တော်​သွန်​သင်​ပေး​သည့်​အ​တိုင်း​ဘု​ရား သ​ခင်​ရှေ့​တော်​မှောက်​တွင်​ပြော​ဆို​နေ​ခြင်း သာ​ဖြစ်​၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ သော​အ​မှု​အ​ရာ​တို့​သည်​သင်​တို့​၏ အ​ကျိုး​အ​တွက်​ဖြစ်​ပေ​သည်။-

၂ ကော 12