13. သင်တို့အားငွေရေးကြေးရေးတာဝန်ကို မပေးခဲ့သည်မှအပ ငါသည်သင်တို့အား အခြားအသင်းတော်များနှင့်တန်းတူထား ၍ဆက်ဆံခဲ့၏။ ဤသို့မမျှမတပြုမိ သည့်အတွက်ငါ့အားခွင့်လွှတ်ကြရန် တောင်းပန်ပါ၏။
14. ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-
15. ငါသည်သင်တို့ကိုကူညီရန်ဝမ်းမြောက်စွာ မိမိ၏ဥစ္စာနှင့်အားအင်ကိုကုန်ခန်းစေမည်။ ငါသည်သင်တို့ကိုဤမျှချစ်လျှင်သင်တို့ ကငါ့ကိုလျော့၍ချစ်ကြမည်လော။
16. ငါသည်သင်တို့အားဝန်မလေးစေခဲ့ကြောင်း ကိုသင်တို့ဝန်ခံကြလိမ့်မည်။ သို့ရာတွင်ငါသည် ပရိယာယ်ဖြင့်သင်တို့အားလိမ်လည်လှည့်စား ခဲ့သည်ဟုတစ်စုံတစ်ယောက်ကစွပ်စွဲလိမ့်မည်။-
17. မည်ကဲ့သို့ငါလှည့်စားခဲ့သနည်း။ သင်တို့ထံ သို့ငါစေလွှတ်သူတစ်ဦးဦးအားဖြင့် ငါ သည်သင်တို့ထံမှအခွင့်ကောင်းယူခဲ့ဖူး သလော။-
18. ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။