21. ငါတို့သည်ဤသို့သောအမှုတို့ကိုသင်တို့အား ပြုရန်သတ္တိမရှိကြောင်းကိုရှက်ရှက်နှင့်ပင်ငါ ဝန်ခံ၏။သို့ရာတွင်လူမိုက်အနေနှင့်ပြောရမည်ဆိုလျှင် အကယ်၍တစ်စုံတစ်ယောက်ကအရာတစ်ခု အတွက်ကြွားဝါပါကငါလည်းကြွားဝါ နိုင်၏။-
22. သူတို့သည်ဟေဗြဲအမျိုးသားဖြစ်သည်ဟု ဆိုလျှင် ငါလည်းဖြစ်၏။ သူတို့သည်ဣသရေလ အမျိုးသားများဖြစ်သည်ဟုဆိုလျှင် ငါလည်း ဖြစ်၏။ သူတို့သည်အာဗြဟံ၏အမျိုးအနွယ် များဖြစ်သည်ဟုဆိုလျှင် ငါလည်းဖြစ်၏။-
23. သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
24. ယုဒအမျိုးသားတို့သည်ငါ့အားသုံးဆယ့် ကိုးချက်ရိုက်ဒဏ်ကိုငါးကြိမ်တိုင်တိုင်ပေး ခဲ့ကြ၏။-