15. ထိုသို့စိတ်ချခြင်းရှိသဖြင့် ငါသည်သင် တို့နှစ်ထပ်ကွမ်းကောင်းချီးမင်္ဂလာခံစား ရကြစေရန်၊-
16. မာကေဒေါနိပြည်သို့အသွားတွင်တစ်ကြိမ်၊ ထိုပြည်မှအပြန်တွင်တစ်ကြိမ်သင်တို့ထံသို့ ဝင်ရောက်ပြီးနောက်ယုဒပြည်သို့သွားနိုင်ရန် သင်တို့ထံမှအကူအညီကိုတောင်းခံမည် ဟုအကြံရှိ၏။-
17. ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။-
18. ဘုရားသခင်သည်ယုံကြည်ထိုက်သောအရှင် ဖြစ်တော်မူသကဲ့သို့ ငါပြောသောစကားသည် လည်းစကားနှစ်ခွမဟုတ်။-