6. ဤအမှုမျိုးတွင်သင်တို့သည်ညီအစ်ကို အချင်းချင်းမပြစ်မှားရ။ အခွင့်ကောင်း ကိုမယူရ။ သခင်ဘုရားသည်ဤအပြစ် မျိုးကူးလွန်သောသူတို့အား အပြစ်ဒဏ် စီရင်တော်မူမည်ဖြစ်ကြောင်းသင်တို့အား ငါတို့ကြပ်တည်းစွာသတိပေးပြီးဖြစ်သည်။-
7. ဘုရားသခင်သည်ငါတို့အားကာမဂုဏ်လိုက် စားမှု၌ မွေ့လျော်စေရန်ခေါ်ယူရွေးကောက်တော် မူသည်မဟုတ်။ သန့်ရှင်းဖြူစင်စွာပြုမူကျင့် ကြံနေထိုင်ကြစေရန်ခေါ်ယူရွေးကောက်တော် မူပေသည်။-
8. သို့ဖြစ်၍ဤသွန်သင်ချက်ကိုမလိုက်လျှောက်သူ မည်သည်ကားလူကိုပစ်ပယ်သူမဟုတ်။ မိမိ၏ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားပေး တော်မူသောဘုရားသခင်ကိုပစ်ပယ်သူဖြစ် သတည်း။
9. ယုံကြည်သူအချင်းချင်းချစ်ကြစေရန်သင် တို့ကိုဘုရားသခင်သွန်သင်တော်မူခဲ့သဖြင့် သင်တို့အချင်းချင်းချစ်ရမည်အကြောင်းနှင့် ပတ်သက်၍ရေးသားရန်မလို။-