9. သင်တို့အတွက်ကြောင့်လည်းကောင်း၊ သင်တို့ ကိုအကြောင်းပြု၍ရှေ့တော်တွင်ဝမ်းမြောက် ရွှင်လန်းခွင့်ကိုရရှိသည့်အတွက်ကြောင့် လည်းကောင်း ဘုရားသခင်၏ကျေးဇူးတော် ကိုငါတို့ချီးမွမ်းကြ၏။-
10. သင်တို့ထံသို့ရောက်ရှိပြီးလျှင်သင်တို့ ယုံကြည်ခြင်းပါရမီကိုဖြည့်တင်းပေးခွင့် ကိုရနိုင်ရန် ငါတို့သည်နေ့ရောညပါစိတ် အားထက်သန်စွာဆုတောင်းပတ္ထနာပြုကြ၏။
11. ငါတို့၏အဖဘုရားသခင်နှင့်ငါတို့၏ အရှင်သခင်ယေရှုသည် သင်တို့ထံသို့ငါ တို့လာရောက်နိုင်ကြစေရန်လမ်းဖွင့်ပေး တော်မူပါစေသော။-
12. မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။-