18. ငါတို့သည်သင်တို့ထံသို့တစ်ဖန်လာရောက် လိုကြ၏။ ငါကိုယ်တိုင်သင်တို့ထံသို့လာရန် တစ်ကြိမ်နှစ်ကြိမ်ကြိုးစားခဲ့၏။ သို့ရာတွင် စာတန်ကငါတို့အားဆီးတားလေသည်။-
19. ငါတို့သခင်ယေရှုနောက်တစ်ကြိမ်ကြွလာ တော်မူသောအခါ ကိုယ်တော်၏ရှေ့တော်၌ ငါတို့သည်သင်တို့ကိုသာလျှင်အကြောင်း ပြု၍ မိမိတို့၏အောင်မြင်မှုအတွက်ဂုဏ်ယူ ဝါကြွားနိုင်လိမ့်မည်။ သင်တို့သာလျှင်ငါ တို့၏မျှော်လင့်စရာ၊ ဝမ်းမြောက်စရာ အကြောင်းဖြစ်လိမ့်မည်။ ငါတို့အားဂုဏ်ယူ ဝါကြွား၊ မျှော်လင့်ဝမ်းမြောက်စေသောသူ အပေါင်းတို့တွင်သင်တို့ပါဝင်ကြသည်။-
20. အကယ်စင်စစ်သင်တို့သည်ငါတို့ဂုဏ်ယူ ဝါကြွားစရာ၊ ငါတို့ဝမ်းမြောက်စရာ အကြောင်းဖြစ်ပေသည်။