၁ ရာ​ချုပ် 9:14-16-23 Common Language Bible (BCL)

2. ပ​ထ​မ​ဦး​ဆုံး​မိ​မိ​တို့​၏​ဘိုး​ဘွား​ပိုင်​မြို့ ရွာ​များ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သူ များ​အ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား ဝတ်​ကြောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​ပါ​ဝင်​လေ​သည်။-

3. ယု​ဒ၊ ဗင်္ယာ​မိန်၊ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက် နေ​ထိုင်​ကြ​၏။

9. ဤ​အ​နွယ်​မှ​ထို​မြို့​တွင်​နေ​ထိုင်​သူ​အိမ်​ထောင်​စု များ​မှာ​ကိုး​ရာ့​ငါး​ဆယ့်​ခြောက်​စု​ရှိ​သ​တည်း။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား အား​လုံး​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ပေ သည်။

14-16. အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။

17. ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့်​ဗိ​မာန်​တော် အ​စောင့်​တပ်​သား​များ​မှာ​ရှလ္လုံ၊ အက္ကုပ်၊ တာ လ​မုန်​နှင့်​အ​ဟိ​မန်​တို့​ဖြစ်​၏။ ရှလ္လုံ​သည်​သူ တို့​၏​ခေါင်း​ဆောင်​တည်း။-

18. သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။

19. ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။-

20. ဧ​လာ​ဇာ​၏​သား​ဖိ​န​ဟတ်​သည်​အ​ခါ တစ်​ပါး​က ထို​သူ​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​ရ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။

21. မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။

22. အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-

23. ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။-

၁ ရာ​ချုပ် 9