4. ဧလာဇာ၏သားမြေးတို့ကိုအုပ်စုတစ်ဆယ့် ခြောက်ခုဖွဲ့၍ ဣသမာ၏သားမြေးတို့ကိုမူ အုပ်စုရှစ်ခုဖွဲ့၍ထားလေသည်။ ဤသို့ပြုရ ခြင်းအကြောင်းမှာဧလာဇာ၏သားမြေး တို့တွင်အမျိုးသားအိမ်ထောင်ဦးစီးဦးရေ ပို၍များသောကြောင့်ဖြစ်၏။-
5. ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
6. ဧလာဇာနှင့်ဣသမာတို့၏သားမြေးများ သည် အလှည့်ကျမဲနှိုက်ရကြ၏။ ထို့နောက်သူ တို့၏နာမည်များကိုနာသနေလ၏သား၊ လေဝိအနွယ်ဝင်အတွင်းရေးမှူးတစ်ဦးဖြစ် သူ ရှေမာရကမှတ်ပုံတင်ရ၏။ ယင်းသို့မှတ် ပုံတင်ရာတွင်ရှင်ဘုရင်၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်ဇာဒုတ်၊ အဗျာသာ၏သားအဟိ မလက်၊ ယဇ်ပုရောဟိတ်တို့၏အိမ်ထောင်ဦးစီး များနှင့်လေဝိအနွယ်ဝင်တို့၏အိမ်ထောင် ဦးစီးများသည်အသိသက်သေဖြစ်ကြ၏။
19. ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်အရ ဘိုးဘေး အာရုန်စီရင်သတ်မှတ်ထားသည့်အတိုင်းဗိမာန် တော်သို့သွားရောက်၍ မိမိတို့အပ်နှင်းခံရသည့် တာဝန်ဝတ္တရားများကိုထမ်းဆောင်ကြရန် ဤ သူတို့၏နာမည်များကိုမှတ်ပုံတင်၍ထား လေသည်။
20. လေဝိမှဆင်းသက်လာသူအခြားအိမ်ထောင် ဦးစီးများမှာ ရှုဗွေလမှတစ်ဆင့်အာမရံ မှဆင်းသက်လာသူယေဒေယ။
21. ရေဟဘိမှဆင်းသက်လာသူဣရှယာ။
22. ရှေလောမိတ်မှတစ်ဆင့်ဣဇဟာမှဆင်းသက် လာသူယာဟတ်။
23. ကြီးစဉ်ငယ်လိုက်ဟေဗြုန်၏သားများဖြစ် သောယေရိ၊ အာမရိ၊ ယဟာဇေလနှင့် ယေကမံ။
24. မိက္ခာမှတစ်ဆင့်သြဇေလမှဆင်းသက်လာသူ ရှမိရ။