1. ထို့ကြောင့်ဒါဝိဒ်က``ဤအရပ်ကားထာဝရ အရှင်ဘုရားသခင်၏ဗိမာန်တော်တည် ဆောက်ရမည့်အရပ်ဖြစ်၏။ ဤနေရာသည် ဣသရေလပြည်သားတို့မီးရှို့ရာယဇ် ပူဇော်ရန်နေရာဖြစ်၏'' ဟုဆို၏။
2. ဒါဝိဒ်မင်းသည်ဣသရေလနိုင်ငံတွင်နေ ထိုင်ကြသောလူမျိုးခြားအပေါင်းတို့ကို စုရုံးစေ၍လုပ်အားပေးစေတော်မူ၏။ အချို့သောသူတို့သည်ဗိမာန်တော် အဆောက်အအုံအတွက်ကျောက်တုံး များကိုဆစ်ရကြ၏။-
3. မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။-