၁ ရာ​ချုပ် 21:18-24 Common Language Bible (BCL)

18. ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​က ဂဒ်​အား``သင်​သည်​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား​ယေ​ဗု​သိ​အ​မျိုး​သား​အ​ရော​န​ကောက် တ​လင်း​တွင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ရန်​ပြော​ကြား​လော့'' ဟု​ဆို​၏။-

19. ဒါ​ဝိဒ်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော် ကို​နာ​ခံ​လျက် ဂဒ်​စေ​ခိုင်း​သည်​အ​တိုင်း​သွား လေ​သည်။-

20. အ​ရော​န​နှင့်​သူ​၏​သား​လေး​ယောက်​တို့​သည် ဂျုံ​စ​ပါး​များ​ကို​နယ်​၍​နေ​ကြ​၏။ သူ​တို့ သည်​ကောင်း​ကင်​တ​မန်​ကို​မြင်​သော​အ​ခါ အ​ရော​န​၏​သား​တို့​သည်​ထွက်​ပြေး​ပုန်း ရှောင်​ကြ​၏။-

21. အ​ရော​န​သည်​ချဉ်း​လာ​သော​ဒါ​ဝိဒ်​မင်း ကို​မြင်​လျှင် ကောက်​နယ်​ရာ​မှ​ထွက်​လာ​၍ မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လေ​၏။-

22. ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။

23. အ​ရော​န​က``အ​ရှင်​မင်း​ကြီး၊ ဤ​ကောက်​နယ် တ​လင်း​ကို​ယူ​တော်​မူ​ပါ။ အ​လို​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ။ ယဇ်​ပလ္လင်​ပေါ်​တွင် တင်​၍ မီး​ရှို့​ပူ​ဇော်​ရန်​နွား​များ​ဤ​တွင် ရှိ​ပါ​၏။ ထင်း​အ​ဖြစ်​အ​သုံး​ပြု​ရန်​ကောက် နယ်​တန်​ဆာ​များ​သည်​လည်း​ကောင်း၊ ပူ​ဇော် သ​ကာ​အ​ဖြစ်​ဆက်​သ​ရန်​ဂျုံ​စ​ပါး​များ သည်​လည်း​ကောင်း ဤ​တွင်​ရှိ​ပါ​၏။ ဤ​အ​ရာ အား​လုံး​ကို​အ​ရှင့်​အား ကျွန်​တော်​မျိုး ဆက်​သ​ပါ​၏'' ဟု​လျှောက်​လေ​၏။

24. သို့​ရာ​တွင်​မင်းကြီး​က``ဤ​သို့​မ​ယူ​လို။ တန်​ဖိုး​အ​ပြည့်​အ​ဝ​ငါ​ပေး​မည်။ သင်​ပိုင် သည့်​ပစ္စည်း​တစ်​စုံ​တစ်​ရာ​နှင့်၊ ငါ​တန်​ဖိုး မ​ပေး​ဘဲ​ရ​ရှိ​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့်​ငါ​မ​ဆက်​လို'' ဟု​မိန့်​တော် မူ​၏။-

၁ ရာ​ချုပ် 21