28. သြနံတွင်ရှမ္မဲနှင့်ယာဒဟူသောသားနှစ်ယောက် ရှိ၏။ ရှမ္မဲတွင်လည်းနာဒပ်နှင့်အဘိရှုရဟူ သောသားနှစ်ယောက်ရှိပေသည်။
29. အဘိရှုရသည်အဘိဟဲလနာမည်ရှိသော အမျိုးသမီးနှင့်အိမ်ထောင်ပြု၍ အာဗန်နှင့် မောလိဒ်နာမည်တွင်သောသားနှစ်ယောက်ကို ရ၏။-
30. အဘိရှုရ၏ညီဖြစ်သူနာဒပ်တွင်သေလက် နှင့်အပ္ပိမ်ဟူသောသားနှစ်ယောက်ရှိ၏။ သို့ရာ တွင်သေလက်သည်သားတစ်ယောက်မျှမရ ဘဲကွယ်လွန်သွား၏။-
31. အပ္ပိမ်၏သားသည်ဣရှိ၊ ဣရှိ၏သားမှာရှေရှန်၊ ရှေရှန်၏သားကားအာလဲဖြစ်၏။
32. ရှမ္မဲ၏ညီယာဒတွင်ယေသာနှင့် ယောနသန်ဟူ သောသားနှစ်ယောက်ရှိ၏။ သို့ရာတွင်ယေသာ သည်သားတစ်ယောက်မျှမရဘဲကွယ်လွန် သွား၏။-
33. ယောနသန်တွင်ပေလက်နှင့်ဇာဇဟူသောသား နှစ်ယောက်ရှိ၏။ ဤသူအပေါင်းတို့သည်ယေရ မေလ၏သားမြေးများဖြစ်ကြသတည်း။
34. ရှေရှန်တွင်သားမရှိ၊ သမီးများသာရှိ၏။ သူ့မှာ ယာဟနာမည်တွင်သောအီဂျစ်အမျိုးသား အစေခံတစ်ယောက်ရှိ၏။-
35. သူသည်မိမိ၏သမီးတစ်ယောက်အားထိုကျွန် နှင့်ပေးစားရာ အတ္တဲနာမည်တွင်သောသားတစ် ယောက်ကိုရလေ၏။