6. ဒါဝိဒ်မင်းက``ယေဗုသိမြို့သားတစ်ယောက် ယောက်ကိုအဦးအဖျားလုပ်ကြံနိုင်သူ အားတပ်မှူးအရာကိုငါပေးမည်'' ဟု အမိန့်တော်ရှိသည့်အတိုင်းဇေရုယာ၏ သားယွာဘသည်ရှေ့ဆုံးမှနေ၍ တိုက်စစ် ဆင်သူဖြစ်သဖြင့်တပ်မှူးအရာကိုရ လေ၏။-
7. ဒါဝိဒ်မင်းသည်ထိုခံတပ်တွင်နေထိုင်ရန် သွားရောက်တော်မူသည်ကိုအစွဲပြု၍ ယင်း ကို``ဒါဝိဒ်မြို့'' ဟုခေါ်ဆိုသမုတ်ကြ သတည်း။-
8. မင်းကြီးသည်ဇိအုန်တောင်၏အရှေ့ဘက်၊ မြေကတုတ်ဖို့ထားသည့်အရပ်မှအစပြု ၍ခံတပ်ပတ်လည်တွင်မြို့ကိုပြန်လည်တည် ဆောက်တော်မူ၏။ ထိုမြို့ရှိကျန်သောအရပ် တို့ကိုမူယွာဘကပြုပြင်တည်ဆောက် ပေးလေသည်။-
9. ဒါဝိဒ်မင်းသည်တစ်နေ့တစ်ခြားတန်ခိုး ကြီးမား၍လာတော်မူ၏။ အဘယ်ကြောင့် ဆိုသော်အနန္တတန်ခိုးရှင်ထာဝရဘုရား သည်မင်းကြီးနှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
10. အောက်ပါတို့သည်ဒါဝိဒ်၏နာမည်ကျော် စစ်သူရဲများဖြစ်ကြ၏။ သူတို့သည်ထာဝရ ဘုရား၏ကတိတော်အတိုင်း ဒါဝိဒ်အားမင်း မြှောက်နိုင်ရန်အခြားဣသရေလပြည်သား တို့နှင့်အတူဝိုင်းဝန်းကူညီကာ မင်းကြီး ၏နိုင်ငံကိုလည်းတည်တံ့ခိုင်မြဲစေသူ များဖြစ်ကြ၏။