၁ ရာ​ချုပ် 1:9-33 Common Language Bible (BCL)

9. ကု​ရှ​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​သေ​ဘ၊ ဟ​ဝိ​လ၊ သာ​ဗ​တ၊ ရာ​ဂ​မ​နှင့်​သတ္တေ​ခါ အ​မျိုး​သား​များ​ဖြစ်​ပေ​သည်။ ရာ​ဂ​မ​မှ ဆင်း​သက်​လာ​သူ​များ​သည်​ရှေ​ဘ​နှင့် ဒေ​ဒန်​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-

10. (ကု​ရှ​တွင်​နိမ်​ရော​ဒ​နာ​မည်​ရှိ​သော​သား​တစ် ယောက်​ရှိ​၏။ သူ​သည်​ကမ္ဘာ​ပေါ်​တွင်​ပ​ထ​မ အ​ဦး​ဆုံး​လူ​စွမ်း​ကောင်း​ဖြစ်​လာ​၏။-)

11. အီ​ဂျစ်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ​လု​ဒိန်၊ အာ​န​မိမ်၊ လ​ဟာ​ဗိမ်၊ နတ္တု​ဟိမ်၊-

12. ပါ​သ​ရု​သိမ်၊ ကာ​သ​လု​ဟိမ်​နှင့်​ကတ္တော​ရိမ် အ​မျိုး​သား​များ​တည်း။ (ကတ္တော​ရိမ်​အ​မျိုး သား​များ​မှ​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဆင်း သက်​ပေါက်​ပွား​လာ​ကြ​ပေ​သည်။-)

13. ခါ​နာန်​၏​သား​အ​ကြီး​ဇိ​ဒုန်​နှင့်​သား​ငယ် ဟေ​သ​တို့​မှ​ဆင်း​သက်​လာ​သူ​များ​မှာ မိ​မိ တို့​၏​အ​မည်​နာ​မ​အ​သီး​သီး​ကို​ဆောင် ကုန်​သော​အ​မျိုး​သား​များ​ဖြစ်​ကြ​၏။-

17. ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော ဧ​လံ၊ အာ​ရှု၊ အာ​ဖာ​ဇဒ်၊ လု​ဒ၊ အာ​ရံ၊ ဥ​ဇ၊ ဟု​လ၊ ဂေ​သာ နှင့်​မာ​ရှ​တို့​သည် မိ​မိ​တို့​၏​နာ​မည်​အ​သီး သီး​ကို​ဆောင်​ကုန်​သော​အ​မျိုး​သား​တို့​၏ ဘိုး​ဘေး​များ​ဖြစ်​ကြ​၏။-

18. အာ​ဖာ​ဇဒ်​၏​သား​သည် ရှာ​လ၊ ရှာ​လ​၏​သား မှာ​ဟေ​ဗာ​ဖြစ်​၏။-

19. ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ တစ်​ယောက်​သည် ဖာ​လက်​ဟု​နာ​မည်​တွင်​၏။ အ​ဘယ်​ကြောင့်​ဆို သော်​သူ​၏​လက်​ထက်​တွင် ကမ္ဘာ​ပေါ်​ရှိ​လူ​တို့ သည်​ကွဲ​သွား​ကြ​သော​ကြောင့်​ဖြစ်​၏။ အ​ခြား သား​တစ်​ယောက်​သည်​ယုတ္တန်​ဟု​နာ​မည်​တွင်​၏။-

20. ယုတ္တန်​မှ​ဆင်း​သက်​လာ​သူ​များ​မှာ အာ​လ မော​ဒန်၊ ရှေ​လပ်၊ ဟာ​ဇာ​မာ​ဝက်၊ ယေ​ရ၊-

21. ဟ​ဒေါ​ရံ၊ ဥ​ဇာ​လ၊ ဒိ​က​လ၊

24. ရှေ​မ​မှ​အာ​ဗြ​ဟံ​အ​ထိ​ဆွေ​စဉ်​မျိုး​ဆက် များ​မှာ ရှေ​မ၊ အာ​ဖာ​ဇဒ်၊ ရှာ​လ၊-

28. အာ​ဗြ​ဟံ​တွင်​ဣ​ဇာက်​နှင့်​ဣ​ရှ​မေ​လ​ဟူ​၍ သား​နှစ်​ယောက်​ရှိ​၏။-

29. ဣ​ရှ​မေ​လ​မှ​ဆင်း​သက်​လာ​သူ​များ​သည် အ​နွယ် တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ ဖြစ်​လာ​ကြ​၏။ ထို​တစ်​ဆယ့်​နှစ်​နွယ်​တို့​၏​နာ မည်​များ​မှာ (ဣ​ရှ​မေ​လ​၏​သား​ဦး​ကို အ​စွဲ ပြု​၍​မှည့်​ခေါ်​သည်) န​ဗာ​ယုတ်၊ ကေ​ဒါ၊ အာ​ဒ ဗေ​လ၊ မိ​ဗ​သံ၊-

30. မိ​ရှ​မ၊ ဒု​မာ၊ မာ​စ၊ ဟာ​ဒါ၊ တေ​မ၊-

31. ယေ​တု​ရ၊ နာ​ဖိ​ရှ၊ ကေ​ဒ​မာ​ဟူ​၍​ဖြစ်​သ​တည်း။

32. အာ​ဗြ​ဟံ​၏​မ​ယား​နှောင်း​နာ​မည်​မှာ​ကေ​တု​ရ ဖြစ်​၏။ သူ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်​နှင့်​ရှု​အာ​ဟူ​သော​သား​ခြောက်​ယောက် ကို​ဖွား​မြင်​လေ​သည်။ ယုတ်​ရှန်​တွင်​ရှာ​ဘ​နှင့် ဒေ​ဒန်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-

33. မိ​ဒျန်​တွင်​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ နှင့်​ဧ​လ​ဒါ​ဟူ​သော​သား​ငါး​ယောက်​ရှိ​၏။

၁ ရာ​ချုပ် 1