၁ ရာ​ချုပ် 1:32-38-42 Common Language Bible (BCL)

32. အာ​ဗြ​ဟံ​၏​မ​ယား​နှောင်း​နာ​မည်​မှာ​ကေ​တု​ရ ဖြစ်​၏။ သူ​သည်​ဇိ​မ​ရံ၊ ယုတ်​ရှန်၊ မေ​ဒန်၊ မိ​ဒျန်၊ ဣ​ရှ​ဘတ်​နှင့်​ရှု​အာ​ဟူ​သော​သား​ခြောက်​ယောက် ကို​ဖွား​မြင်​လေ​သည်။ ယုတ်​ရှန်​တွင်​ရှာ​ဘ​နှင့် ဒေ​ဒန်​ဟူ​သော​သား​နှစ်​ယောက်​ရှိ​၏။-

33. မိ​ဒျန်​တွင်​ဧ​ဖာ၊ ဧ​ဖေ​ရ၊ ဟာ​နုတ်၊ အ​ဘိ​ဒ နှင့်​ဧ​လ​ဒါ​ဟူ​သော​သား​ငါး​ယောက်​ရှိ​၏။

34. အာ​ဗြ​ဟံ​၏​သား​ဣ​ဇာက်​တွင် ဧ​သော​နှင့် ယာ​ကုပ်​ဟူ​၍​သား​နှစ်​ယောက်​ရှိ​၏။-

35. ဧ​သော​၏​သား​များ​ကား ဧ​လိ​ဖတ်၊ ရွေ​လ၊ ယု​ရှ၊ ယာ​လံ၊ နှင့်​ကော​ရ​ဖြစ်​၏။-

36. ဧ​လိ​ဖတ်​သည် တေ​မန်၊ သြ​မ​ရ၊ ဇေ​ပေါ်၊ ဂါ​တံ၊ ကေ​နတ်၊ တိ​မ​န​နှင့်​အာ​မ​လက်​အ​နွယ်​တို့​၏ ဘိုး​ဘေး​ဖြစ်​လာ​၏။-

37. ရွေ​လ​သည်​လည်း၊ နာ​ဟတ်၊ ဇေ​ရ၊ ရှမ္မ​နှင့်​မိဇ္ဇ အ​နွယ်​တို့​၏​ဘိုး​ဘေး​ဖြစ်​လာ​၏။

38-42. ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ​သည် အောက်​ဖော်​ပြ​ပါ​စိ​ရ​၏​သား​များ​ဖြစ်​ကြ သော​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​မှ​ဆင်း​သက်​လာ​သူ​များ ဖြစ်​ပေ​သည်။လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​သား​ချင်း​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။ (လော​တန်​တွင်​တိ​မ​န​နာ​မည် တွင်​သော​နှ​မ​တစ်​ယောက်​ရှိ​၏။)ရှော​ဗ​လ​သည် အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ဇိ​ဘောင်​မှာ​အာ​ယ​နှင့်​အာ​န​နာ​မည်​တွင်​သော သား​နှစ်​ယောက်​ရှိ​၏။အာ​န​၏​သား​သည်​ဒိ​ရှုန်​ဖြစ်​၏။ဒိ​ရှုန်​သည် ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​သား ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။

၁ ရာ​ချုပ် 1